October 18, 2024

၂၇.၁.၂၀၂၄
Translated by Htwe Ko Tun

ယူကရိန်းနိုင်ငံတွင် မွေးဖွားခဲ့သော ဂျပန်အလှမယ်တစ်ဦးဖြစ်သည့် ကာရိုလိုင်းနား ရှင်နို ကို ၂၀၂၄ ခုနှစ် Miss Japan အဖြစ် အလှမယ်ရွေးပွဲတွင် ယခုရက်သတ္တပတ်အတွင်း ရွေးချယ်ခဲ့မှုအပေါ် လူမှုကွန်ရက်ပေါ်၌ အငြင်းပွားမှုများဖြစ်ပွားနေကြရသည်။

အသက် ၂၆ နှစ်ရှိ ကာရိုလိုင်းနား ရှင်နိုက ယူကရိန်းနိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်ရာ ၎င်းက ဥရောပမျိုးနွယ်တစ်ဦးနှင့် ပို၍တူလျက်ရှိသည်။ သို့သော် ၎င်းက ဂျပန်တွင် နေထိုင်ခဲ့သည်မှာ အနှစ် ၂၀ ကျော်ပြီဖြစ်ပြီး ဂျပန်နိုင်ငံသားတစ်ဦးအဖြစ်လည်း ခံယူပြီးဖြစ်သည်။ ကယ်ရိုလိုင်းနာ ရှင်နို၏ ယူကရိန်းအမျိုးသမီးမိခင်က ဂျပန်အမျိုးသားတစ်ဦးနှင့် ထပ်မံအိမ်ထောင်ကျခဲ့ပြီးနောက် ၎င်းမှာလည်း ငါးနှစ်သမီးအရွယ်ကပင် ဂျပန်သို့ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံအနေနှင့်လည်း နိုင်ငံ၏မွေးဖွားနှုန်းက ကမ္ဘာပေါ်တွင် အနိမ့်ဆုံးနိုင်ငံအဖြစ်သို့ရောက်ရှိသည်အထိ ကျဆင်းနေမှုကြောင့် နှစ်ပေါင်းများစွာအတွင်း နိုင်ငံခြားသားများ ဝင်ရောက်လာမှုကို လက်ခံထားခဲ့သည်။ ဂျပန်စကားကောင်းစွာပြောနိုင်ပြီဖြစ်သော ကယ်ရိုလိုင်းနားရှင်နိုက ကိုယ့်ကိုယ်ကို ဂျပန်နိုင်ငံသားတစ်ဦးအဖြစ်သတ်မှတ်ပြီးဖြစ်ပါကြောင်း၊သို့သော် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် မျိုးနွယ်စုဆိုင်ရာအတားအဆီးများကိုကြုံခဲ့ရကြောင်း၊ ဂျပန်နိုင်ငံသားမိန်းကလေးတစ်ဦးအနေနှင့် ဤဆုကိုရရှိ၍ များစွာဝမ်း မြောက်မိကြောင်း ပြောခဲ့သည်။

သို့သော် အချို့ကမူ ရှင်နိုက ဂျပန် မိန်းကလေးတစ်ဦး၏မျက်နှာသွင်ပြင်နှင့် မည်သို့တူပါမည်နည်းဟု လူမှုကွန်ရက်တွင် မေးခွန်းထုတ်ခဲ့ကြသည်။ ၎င်းတို့က ဂျပန်သွေးတစ်စက်မှမပါဘဲ၊ ဂျပန်မျိုးနွယ်မှဆင်းသက်ခြင်းလည်းမဟုတ်သူတစ်ဦးက ဂျပန်အမျိုးသမီးများကို မည်သို့ ကိုယ်စားပြုမည်နည်းဟုလည်း လူမှုကွန်ရက် X တွင် မေးခဲ့ကြသည်။

အချို့ကလည်း ရှင်နို အနေဖြင့် ဂျပန်နိုင်ငံသားတစ်ဦးဖြစ်၍ ၎င်းတွင် ပါဝင်ယှဉ်ပြိုင်ရန်အခွင့်အရေးရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြသည်။၂၀၁၅ ခုနှစ်အတွင်းကလည်း ဂျပန်အမျိုးသမီးတစ်ဦးနှင့်အာဖရိကဖွား အမေရိကန်နိုင်ငံသားတစ်ဦးတို့ အိမ်ထောင်ကျရာမှ မွေးဖွားခဲ့သော အရီယာနာ မီယာမိုတိုက Miss Pageant ပြိုင်ပွဲတွင် ဂျပန်နိုင်ငံကို ကိုယ်စားပြုပါဝင်စဉ်က အလားတူ ပြဿနာများ၊ ဝေဖန်မှုများ ကြုံခဲ့ရသေးသည်။ သို့သော် ရှင်နိုကမူ ၎င်းမှာ နိုင်ငံခြားသူတစ်ဦးနှင့်တူနေသော်လည်း ဂျပန်နိုင်ငံသားစိတ်ဓာတ် အပြည့်အဝရှိပါကြောင်း ပြိုင်ပွဲဝက်ဘ်ဆိုတ်တွင်ရေးသားခဲ့သည်။

Ref- Japan Times

Leave a Reply

Your email address will not be published. Required fields are marked *