October 18, 2024

MT News

၂၆. ၁. ၂၀၂၄

◾PDF ကို တိုက်ခိုက်ဖို့ ဒရုန်းဝယ်ယူမည့် ငွေကြေး ရေနံချောင်း မြို့မရဲစခန်းက ပြည်သူထံ ငွေကြေးခြိမ်းခြောက်တောင်းခံနေဟု သတင်းမှားဖြန့်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်းက PDF များကို တိုက်ခိုက်ရေးအတွက် ဒရုန်းဝယ်ယူရန် ဇန်နဝါရီ ၂၅ ရက်က ပြည်သူများထံမှ ငွေကြေးခြိမ်းခြောက်တောင်းခံနေကြောင်း Khit Thit က မဟုတ်မမှန်ရေးသား ဖြန့်ဝေနေမှုနှင့်ပတ်သက်၍ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်း အမှားများသာဖြစ်ပြီး ပြည်သူများထံမှ ငွေကြေးတောင်းခံမှုမရှိကြောင်း ရေနံချောင်း မြို့နယ်၊ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

◾ လွိုင်ကော်မြို့ရှိ နှစ်ထပ်ဈေး PDF ပစ်ခတ်ပြေး၍ မီးဘေးသင့်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေးကို ယနေ့ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကျဲချမှု ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေမှုနှင့်ပတ်သက်၍ လွိုင်ကော်မြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းမရှိပါကြောင်း၊ ၎င်းနှစ်ထပ်ဈေးသည် ဇန်နဝါရီ ၂၄ ရက်နေ့တွင် PDF များမှ လက်လုပ်လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

◾ဝေါမြို့နယ်မှ ဒေသခံပြည်သူ ၈၀ ကျော်ကို ဖမ်းဆီးပြီး တံတား ၁ စင်းကို မီးရှို့ဖျက်ဆီးသတင်း မှားယွင်း

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ အညာစုကျေးရွာနှင့် အထက်ဝိုင်းပတ် ကျေးရွာတို့မှ ဒေသခံပြည်သူ ၈၀ ကျော်ကို ဇန်နဝါရီ ၂၄ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး အညာစုကျေးရွာနှင့် အထက်ဝိုင်းပတ်ကျေးရွာကို ဆက်သွယ်ထားသည့် သစ်သားတံတားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို ရေးသားဖြန့်ဝေနေသော်လည်း ဖြစ်စဉ်အမှန်မှာ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ဇန်နဝါရီ ၂၄ ရက်နေ့တွင်အကြမ်းဖက်သောင်းကျန်းသူများမှ ဝေါမြို့နယ်ကျေးရွာများအတွင်းဝင်ရောက်၍ ဒေသခံပြည်သူများကို လူသစ်စု ဆောင်းခြင်းနှင့် ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာသို့သွားရောက်၍ နယ်မြေ လုံခြုံရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများမှ ကျေးရွာချင်းဆက် တံတားတစ်ခုကို မီးရှို့ထွက်ပြေးသွားခဲ့ခြင်းဖြစ် ကြောင်းသာ ဖြစ်သည်ဟု သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *