October 18, 2024

၂၆. ၁. ၂၀၂၄
Written by Nay Aung

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်နှင့် အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်တို့သည် ဇန်နဝါရီ ၂၆ ရက်က တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် အဓိကထားဆွေးနွေးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက တိုးတက်ကေင်းမွန်မှုမရှိဘဲ ထပ်မံဆိုးလာမည့်အလားအလာများ ရှိနေကြောင်းသိရပြီး အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်သည် မြန်မာ့နိုင်ငံရေး အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ထိုင်းနိုင်ငံ၏ ရွေးကောက်ခံအစိုးရအဖွဲ့ဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်နှင့် အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်တို့က မြန်မာပြည်သူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် အဓိက လုပ်ဆောင်ရန်အပြင် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများ ပိုမိုဆိုးလာနေခြင်းကို ဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဆာရက်သာ တာဗီဆင်က ၎င်းတို့သည် အာဆီယံသဘောတူညီချက်ငါးချက်နှင့်အညီ မြန်မာပြည်သူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန် ပြောဆိုထားပြီးဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်ကလည်း အာဆီယံနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရ ထားရှိသည့် ကတိများကို ဆက်လက်လုပ်ကိုင်မည်ဖြစ်သလို မြန်မ့ာနိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရေးကြိုးပမ်းမှုများကို ကြိုဆိုလိုကြောင်း ပြောသည်။

လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ကာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Ref Khasoad

Leave a Reply

Your email address will not be published. Required fields are marked *