October 18, 2024

၂၇. ၃. ၂၀၂၄
Written by Nay Moe

PDF တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ရေနံချပ်ရွာက ဧရာဝတီမြစ်ဆိပ်မှာ ရေဆင်းချိုးနေတဲ့ မြေးအဘိုးအဘွားလေးဦးမှာ သုံးဦးသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ တိုက်နယ်ဆေးရုံဆီကို ဗုံးသီးစထိမှန်ဒဏ်ရာတွေနဲ့ သေဆုံး၊ ဒဏ်ရာရရှိနေသူတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ ပခုက္ကူမြို့နယ်၊ ရေနံချပ်ကျေးရွာနေ ဦးတင်ဝင်း(၆၃)နှစ်နဲ့ ဇနီး ဒေါ်ကုလားမ(၆၀)နှစ်တို့ဟာ ဗုံးစထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး သူတို့ရဲ့မြေးတွေဖြစ်တဲ့ မောင်ထွဋ်ခေါင်လင်း (၁၁)နှစ်နဲ့ မောင်ရဲလင်းထွဋ် (၈)နှစ်တို့မှာလည်း ဗုံးသီးစထိမှန်ဒဏ်ရာအများအပြား ရရှိထားတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ဖြစ်စဉ်ကို စိစစ်ခဲ့ရာမှာ အဲဒီနေ့မနက် ၁၁ နာရီခွဲခန့်က ဦးတင်ဝင်းတို့မြေးအဘိုးလေးဦးဟာ ရေနံချပ်ကျေးရွာ၊ ဧရာဝတီမြစ်ကမ်းမှာ ရေဆင်းချိုးနေချိန် PDF တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့တာလို့ သိရှိရလို့ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကို မြစ်ခြေ တိုက်နယ်ဆေးရုံကနေ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးဆီ လွှဲပြောင်းပို့ဆောင်ဆေးကုသမှု ပေးနေစဉ်မှာ အသက် (၈) နှစ်အရွယ် မောင်ရဲလင်းထွဋ်ဟာလည်း အခင်းဖြစ်စဉ်က ရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စုက ရေနံချပ်ရွာအပါအဝင် ရွာသစ်၊ တောင်ရွာယာ၊ မြောက်ရွာယာနဲ့ အုပ်ကျောင်း စတဲ့ ရွာငါးရွာခန့်ဟာ PDF တွေက ပျုစောထီးရွာလို့ သတ်မှတ်ထားသလို ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၃၀ တုန်းကလည်း ပခုက္ကူ၊ မြိုင်နဲ့ ယင်းမာပင် PDF တွေပေါင်းပြီး အဲဒီရွာငါးရွာကို တိုက်ခိုက်ခဲ့လို့ ငါးဦးသေဆုံးခဲ့ရပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *