October 18, 2024

၂၇. ၁. ၂၀၂၄
Photo by Nyein Kyaw

ဒီနေ့ဟာ စနေနေ့ ရုံးပိတ်ရက်နဲ့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ဆီ ကလေးတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အများဆုံး လာရောက်ကြတာဖြစ်ပြီးတော့ ကလေးငယ်တွေကို လိုက်ပို့ပေးတဲ့ မိဘတွေက မိသားစုလိုက် လာကြသလို သက်ဆိုင်ကျောင်းတွေရဲ့ ဆရာ၊ ဆရာမတွေ ဦးဆောင်တဲ့ ကျောင်းသားတွေလည်း အဖွဲ့လိုက် လာရောက် လေ့လာကြတာကို တွေ့ခဲ့ရပါတယ်။

အရှေ့တောင်အာရှမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်မှာ ကျရောက်တဲ့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ် ၁၁၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ ၄ ရက်တိုင်တိုင် ကျင်းပနေတာ ဖြစ်ပါတယ်။

အဲဒီပွဲတော်မှာ တေးဂီတဖျော်ဖြေပွဲတွေနဲ့ ကပြ ဖျော်ဖြေရေးအစီအစဉ်တွေ၊ မျက်လှည့်အစီအစဉ်တွေ၊ ချစ်စရာတိရစ္ဆာန် လိမ္မာလေးတွေနဲ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်တွေပါဝင်သလို ကလေးငယ်တို့အကြိုက် ဂိမ်းအစီအစဥ်တွေ၊ လက်ဆောင်တွေရယူနိုင်မယ့် အမေးအဖြေကဏ္ဍတွေ၊ ဈေးရောင်းပွဲတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *