October 18, 2024

၂၇. ၁. ၂၀၂၄
Written by Nay Moe

ညောင်ဦးမြို့နယ် လက်ထုတ်ရွာမှာ အမျိုးသားတစ်ဦးကို စစ်တပ်သတင်းပေးလို့ စွပ်စွဲပြီး PDF ၃ ဦးက သတ်​ဖြတ်သွားတဲ့အပြင် ဆိုင်ကယ်နဲ့ ဖုန်းပါ လုယက်သွားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၂၅ ရက် မနက် ၈ နာရီခန့်မှာ ညောင်ဦးမြို့နယ် လက်ထုတ်ရွာနေ ဒေါ်မိုးဆွေဟာ ခင်ပွန်းဖြစ်သူ ဦးသန်းနိုင်(၄၆ နှစ်) ဟာ ကျေးရွာအတွင်းက နာရေးအိမ် သွား ရောက်နေလို့ နေအိမ်မှာတစ်ဦးတည်း ရှိနေချိန် PDF ၃ ဦးက ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး နေအိမ်တံခါး ကန်ဖွင့်ချိန်မှာပဲ ဦးသန်းနိုင် ပြန်ရောက်လာတာကြောင့် ဦးသန်းနိုင်ကို PDF ၃ ဦးက သေနတ်နဲ့ပစ်၊ ပုဆိန်ခုတ်သတ်အပြီးမှာ နေအိမ်က Kenbo-110 ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံး ယူဆောင်ပြီး တောင်သာမြို့နယ်ဘက် မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

PDF ၃ ဦးက သေနတ်နဲ့ပစ် ပုဆိန်ခုတ်တာကြောင့် ဦးသန်းနိုင်ဟာ ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းပြတ်ရှ/ ကြေမွဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တာကြောင့် တာဝန်ရှိသူတွေကစစ်ဆေးပြီး အလောင်းကို ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *