October 18, 2024

၂၆. ၁. ၂၀၂၃
Written by Nyein Kyaw

တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်သမားများထံ ငွေကြေးစီးဆင်းမှုများဖြစ်ပေါ်စေပြီး ၎င်းတို့မှတစ်ဆင့် လုံခြုံရေးအရ ထိခိုက်မှုများကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) တွင် ပြောကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံ၌ ဥပဒေကို ကျော်လွန်၍ ဆောင်ရွက်နေခြင်းများရှိပြီး စီးပွားရေးသမားများအနေဖြင့် ဝိသမလောဘများဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ စီးပွားရေးအပြင် လုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်သမားများထံသို့ ငွေကြေးများ စီးဆင်းမှုများဖြစ်ပေါ်စေပြီး ၎င်းတို့မှတစ်ဆင့် လုံခြုံရေးအရ ထိခိုက်မှုများကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍လည်း ဘိန်းစိုက်ပျိုးမှုများကို ယခုထက်ပိုမို၍ ‌ဖော်ထုတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်များအနေဖြင့် မူးယစ်ဆေးဝါးကို ၎င်းတို့အကျိုးအမြတ်အတွက် လုပ်ဆောင်နေကြခြင်းဖြစ်သဖြင့် တရုတ်၊ ထိုင်း စသည့်အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂကဲ့သို့သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုက်ဖျက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍လည်း ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပြိုပျက်စေလိုသည့်၊ နိုင်ငံရေးအမြတ်ထုတ်လိုသည့် တိုင်းရင်းသား လက်နက်ကိုင်အချို့က ဆူပူအကြမ်းဖက်သည့် လူငယ်၊ လူရွယ်များအား အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နိုင်ငံအတွင်းရှိ အချို့မြို့နယ်များ၌ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့သည့်ကို တွေ့ရှိရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *