October 18, 2024

MT News
၂၆. ၁. ၂၀၂၄

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကလွီရွာမှာ စက်ရေတွင်းတူးနေချိန် ဓာတ်လိုက်တာကြောင့် အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ချောင်းဆုံမြို့နယ် ကလွီရွာ စာသင်ကျောင်းအနီး နေအိမ်မှာ မနေ့က ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီခန့်က အဝီစိတွင်း တူးနေချိန်မှာ ရေတွင်းထဲချတဲ့ သံပိုက်ကို ပြန်ပြီးဖော်နေချိန် အပေါ်က ဓာတ်အားလိုင်းကြိုးနဲ့ထိပြီး သုံးဦးစလုံး လျှပ်စစ်ဓာတ်ကြောင့် လောင် ကျွမ်းဒဏ်ရာတွေရပြီး ပွဲချင်းပြီးသေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးတဲ့ အမျိုးသားသုံးဦးက အသက် ၅၀ ခန့် ဦးမောင်စိုး၊ အသက် ၂၅ နှစ်ခန့် ကိုအောင်ခိုင်စိုးနဲ့ အသက် ၂၀ ခန့် ကိုလှသိန်းဦး ဆိုသူတို့ဖြစ်တယ်လို့ သိရသလို ဓာတ်လိုက်သေဆုံးသူတွေကို ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံရင်ခွဲရုံဆီကို ရွှေမြင့်မိုရ်နာရေးကူညီမှုအသင်းက ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရွှေမြင့်မိုရ်နာရေးကူညီမှုအသင်း၊ CJ

Leave a Reply

Your email address will not be published. Required fields are marked *