October 18, 2024

၂၆.၁.၂၀၂၄
Written By Thandar

မလေးရှားနိုင်ငံ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club မှာ Sexy မော်ဒယ်ဖူးပွင့်ခိုင်နဲ့ အဆိုတော် သရုပ်ဆောင် အေမီဈာန်တို့ ထိန်းသိမ်းခံခဲ့ရာက အေမီဈာန် ပြန်လည်လွတ်မြောက်လာပြီးနောက် ယနေ့မှာ Sexy မော်ဒယ်ဖူးပွင့်ခိုင်ပါ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

“ပြန်လွတ်လာပါပြီ ရှင်”လို့ Sexy Model ဖူးပွင့်ခိုင်က ယနေ့ ဇန်နဝါရီ ၂၆ ရက် နေ့လည်ပိုင်းက ပရိသတ်တွေကို အသိပေးလာတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ဇန်နဝါရီ ၁၃ ရက် ညပိုင်းက Sexy မော်ဒယ်ဖူးပွင့်ခိုင်ရဲ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့ကိတ်ခွဲနေချိန်မှာ မလေးရှားနိုင်ငံက ရဲတွေ ဝင်ရောက်ဖမ်းဆီးခဲ့ရာက ဖူးပွင့်ခိုင်၊ အေမီစျာန်နဲ့အတူ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

“မအေမီဈာန်နဲ့ မဖူး(ခ) ဖူးပွင့်ခိုင်တို့ ပြန်လွတ်မြောက်လာကြပါပြီ။ ကျန်တဲ့ မြန်မာနိုင်ငံသား တချို့ကတော့ မလွတ်မြောက်သေးဘဲ မလေးရှားက ဖမ်းဆီးခံထားရပါသေးတယ်။ သူငယ်ချင်းတွေကို ဘာလို့ မလွှတ်ပေးသေးလဲ မသိပါဘူး။၊ ကံတရားပေါ့။ လာမယ့် ဖေဖော်ဝါရီ ၉ ရက်နေ့ ရုံးချိန်းမှာ အခြေအနေ ထပ်သိရမှာပါ”လို့ မလေးရှားမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ မြန်မာနိုင်ငံသား ၂၀၀ နီးပါးမှာ တချို့ ပြန်လည်လွတ်မြောက်ခဲ့တာရှိသလို မလွတ်မြောက်သူတွေကိုတော့ မလေးရှားရောက် မြန်မာနိုင်ငံသားတချို့က ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *