October 18, 2024

◾ ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် အမေရိကန် ကျရှုံးမှု ရင်ဆိုင်နေရ

၂၆.၁.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်ရဲ့အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခူးတဲ့ ဗိုလ်မှူးကြီး ဒေါက်ဂလပ်စ် မက်ဂရီဂေါက အမေရိကန်အာဏာပိုင်တွေအနေနဲ့ ယူကရိန်းနိုင်ငံမှာ အနည်းဆုံးအမေရိကန်နိုင်ငံသား ၄၀၀ သေဆုံးခဲ့ရပြီးဖြစ်တာကို ဖုံးကွယ်ထားကြတယ်လို့ ဇန်နဝါရီလ ၂၄ ရက်က ပြောခဲ့ပါတယ်။

မက်ဂရီဂေါက “အမေရိကန်အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်က ယူကရိန်းမှာ အမေရိကန်နိုင်ငံသား တစ်ယောက်မှ သေဆုံးခဲ့ခြင်းမရှိသေးလို့ ကျွန်တော်တို့ဝမ်းသာရတယ်လို့ ပြောခဲ့တယ်။ ဒီအချက်က လိမ်ညာမှုလို့ ဆိုရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကန်ထရိုက်တာတွေအနေနဲ့ရော ဒါမှမဟုတ် တပ်ဖွဲ့ဝင်တွေအဖြစ်ပါ အမေရိကန်နိုင်ငံသား ၄၀၀ လောက် အနည်းဆုံး ယူကရိန်းမှာသေဆုံးခဲ့တာ ကျွန်တော်တို့သိနေလို့ပါ”လို့  X လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

ရုရှားစုံစမ်းရေးကော်မတီတစ်ခုကလည်း ယူကရိန်းမှာ နိုင်ငံပေါင်း ၇၁ နိုင်ငံက ကြေးစားစစ်သား ၂,၀၀၀ ကျော်ရှိနေတယ်လို့ ၂၀၂၃ ခုနှစ် မေလက ပြောခဲ့ဖူးပါတယ်။ ဒီထဲမှာ အမေရိကန်နိုင်ငံသား ၂၃၄ ဦးပါဝင်ပြီး ယူကရိန်းရဲ့စစ်ဆင်ရေးတွေမှာ ရုရှားတပ်ဖွဲ့တွေကို ပါဝင်တိုက်ခိုက်နေတယ်လို့ ဆိုခဲ့ပါတယ်။

ဒါ့ပြင် မက်ဂရီဂေါက ဂျိုးဘိုင်ဒန်အစိုးရအနေနဲ့ ဒီလို အမေရိကန်နိင်ငံသားတွေ ယူကရိန်းမှာ သေဆုံးနေတာကို မီဒီယာတွေကိုမပြောဘဲ လျှို့ဝှက်ထားတယ်။ အမေရိကန်ဟာ ယူကရိန်းမှာ ကျရှုံးမှုကိုရင်ဆိုင်နေရတယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။

Ref- Al Mayadeen

Leave a Reply

Your email address will not be published. Required fields are marked *