October 18, 2024

၂၆.၁.၂၀၂၄
Written By Thandar

MRTV-4 ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသခဲ့တဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ ကိုတင်ဖေ ကာရိုက်တာနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ သရုပ်ဆောင် အောင်ရေချမ်းက မီဒီယာလုပ်ငန်းတစ်ခုရဲ့ ပိုင်ရှင်ထုတ်လုပ်သူတစ်ဦးနဲ့ ရွှေလက်တွဲတော့မယ်လို့ ပရိသတ်ကို အတိအလင်း ကြေညာခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ရခိုင်ရိုးရာဝတ်စုံလေးနဲ့ပုံလေးကို အောင်ရေချမ်းရဲ့ ပရိသတ်သိအောင် ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ချပြလာတာပါ။ သရုပ်ဆောင်အောင်ရေချမ်းနဲ့ မခိုင်မာဝင်းတို့ရဲ့ Pre Wedding ပုံတွေကို ဇန်နဝါရီ ၂၆ ရက်က Look Media ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တရားဝင်ဖော်ပြထားပြီး ပရိသတ်တွေကို အသိပေးလာခဲ့တာလည်းဖြစ်ပါတယ်။

“မောင်လေး တကယ် အရမ်းမအားလို့ မလာဖြစ်ရတာပါ။ တကယ့်တကယ့်ကို တောင်းပန်ပါတယ်။ ပြန်လာရင် စပရိုက်အကြီးကြီးတိုက်မယ်နော်။ အရမ်းတက်ချင်တာပါ။ စိတ်မဆိုးရဘူးနော်။ အာဘွားတစ်ရာ့ရှစ်သိန်း။ တကယ်ကို လေးနက်စွာနဲ့ အရင်ဦးဆုံးဖိတ်ခဲ့တာလည်း မမေ့ပါဘူး။ ဘဝမှာ ပျော်စရာအချိန်တွေနဲ့ တို့တွေဖြတ်သန်းကြမယ်နော်။ ပျော်ပျော်ရွှင်ရွှင် နှစ်ရာချီတိုင်အောင် တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေနဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ချည်နှောင်ပြီး တစ်သက်လုံးထာဝရပေါင်းသင်းကြပါစေ။ ချစ်ခြင်းအားဖြင့် ချစ်တဲ့ ဇေရဲထက်” လို့ မင်းသားဇေရဲထက်က တောင်းပန်စကားခြွေထားပါတယ်။

ကိုတင်ဖေကာရိုက်တာနဲ့ ယနေ့အချိန်ထိ အောင်မြင်မှုများစွာရရှိထားတဲ့ သရုပ်ဆောင်အောင်ရေချမ်းနဲ့ ရွှေလက်တွဲလက်ထပ်မယ့် အမျိုးသမီး မခိုင်မာဝင်းက LOOK Media နဲ့ LOOK News ရဲ့ တည်ထောင်သူအပြင် ရွှေစည်တော်ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးရဲ့ ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။

“သူတို့နှစ်ဦးက နေနဲ့လ ရွှေနဲ့မြလို အရမ်းလိုက်ဖက်ကြတဲ့သူတွေပါ။ ရွှေလက်တွဲနေကြတာလည်း ကြာပါပြီ။ မင်္ဂလာဆောင်ကိုလည်း မကြာခင် မီဒီယာတွေရှေ့ အသိပေးသွားမှာပါ။ ပရိသတ်တွေကိုလည်း အသိပေးသွားမှာပါ ”လို့ သူတို့နဲ့ နီးစပ်သူတစ်ဦးပြောပါတယ်။

ချစ်သူနှစ်ဦးရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲနဲ့ ညစာစားပွဲကိုတော့ မနက်ဖြန် ဇန်နဝါရီ ၂၇ ရက်မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *