October 18, 2024

၂၆. ၁. ၂၀၂၄
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ ကွင်းကောက်မြို့၊ အောင်တေဇလမ်းတွင် ဇန်နဝါရီ ၂၅ရက် နံနက်ပိုင်းက အမျိုးသမီးတစ်ဦး မီးပူတိုက်ရာမှ ဓာတ်လိုက်၍သေဆုံးခဲ့ကြောင်း သိရသည်။

​ဖြစ်စဥ်မှာ အသက် ၅၉ နှစ်အရွယ် အထက်တန်းပြဆရာမဖြစ်သူ​ အမျိုးသမီးကြီးက အဝတ်အထည်များကို လျှပ်စစ်မီးပူဖြင့် မီးပူတိုက်နေစဥ် လျှပ်စစ်ကြိုးမှ ရှော့ခ်ဖြစ်ကာ ဓာတ်လိုက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ကွင်းကောက်မြို့ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားပြီး ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *