October 18, 2024

၂၆. ၁. ၂၀၂၄
Written by Nay Moe

မလှိုင်မြို့နယ် မိတ်ကုန်းရွာအုပ်ချုပ်ရေးမှူးသားအဖအပါအဝင် မိသားစုဝင်သုံးဦးကို PDF ၆ ဦးက လာရောက်သတ်ဖြတ်တာကြောင့် သုံးလောင်းပြိုင်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဉ်က ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မိတ်ကုန်းကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသားသုံးဦးသေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်(၅၆)နှစ်ဟာ သားဖြစ်သူ ကိုနိုင်ထွန်းလွင် (၂၅)နှစ်နဲ့ တစ်ရွာတည်းနေ ဆွေမျိုးတော်စပ်သူ ဦးလှဆောင်(၆၄)နှစ်တို့နဲ့အတူ နေအိမ်မှာရှိနေချိန် PDF ၆ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့တာကြောင့် သုံးဦးစလုံး ကျည်ထိမှန်ဒဏ်ရာတွေရရှိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့တာလို့ သိရပါတယ်။

နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ပတ်လည်၊ ဆရာဆရာမ ၈၀ နီးပါးနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၆၇၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တိုရဲ့ သတ်ဖြတ်မှုခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *