October 18, 2024

၂၆. ၁. ၂၀၂၄
Written by Ye Kyaw

ယနေ့တွင် စက်သုံးဈေးနှုန်းများ ရုတ်တရက်မြင့်တက်လာခဲ့ပြီး တစ်ရက်အတွင်း ဓာတ်ဆီ ၉၂ တစ်လီတာ ၁၂၀ ကျပ်နှင့် ဓာတ်ဆီ ၉၅ တစ်လီတာ ၁၂၅ ကျပ်မြင့်တက်ခဲ့ပြီး ဒီဇယ်ဈေး တစ်လီတာ ၂၀ ကျပ် မြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ဇန်နဝါရီ ၂၅ ရက် (ယမန်နေ့)တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၅၈၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၇၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၃၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၄၉၅ ကျပ်သာရှိခဲ့သည်။

ဇန်နဝါရီ ၂၆ ရက် (ယနေ့)တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၇၀၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၈၄၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၅၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၁၅ ကျပ်အထိ မြင့်တက်ခဲ့သောကြောင့် ဓာတ်ဆီတစ်လီတာ ၁၂၀ ကျပ် ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာ ၂၀ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း တစ်ရက်အတွင်း ဓာတ်ဆီဈေးနှုန်းများ တစ်လီတာ ၉၀ ကျပ် ဝန်းကျင် မြင့်တက်ခဲ့သလို ဒီဇယ်ဈေးနှုန်းများလည်း တစ်လီတာ ကျပ် ၇၀ ဝန်းကျင်မြင့်တက်ခဲ့သည့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၅၈၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၇၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၃၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၄၉၅ ကျပ်ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဈေးနှုန်းများအတိုင်း ဇန်နဝါရီ ၂၅ ရက်အထိ ပြောင်းလဲမှုမရှိ တည်ငြိမ်နေခဲ့ရာမှ ယနေ့တွင် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရေနံဈေးများလည်း ယ‌ခုရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်လျက်ရှိပြီး ဇန်နဝါရီ ၁၇ ရက်အထိ ကမ္ဘာ့ရေနံဈေး (WTI) ဈေးနှုန်း တစ်စည်လျှင် ၇၂ ဒေါ်လာ‌ကျော်ရှိခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တစ်စည်လျှင် ၇၃ ဒေါ်လာကျော်သို့ မြင့်တက်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်မှစတင်ကာ တစ်ရက်လျှင် တစ်ဒေါ်လာနှုန်းဖြင့် မြင့်တက်လာခဲ့၍ ယနေ့တွင် ကမ္ဘာ့ရေနံဈေး (WTI) ဈေးနှုန်း တစ်စည်လျှင် ၇၇ ဒေါ်လာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *