October 18, 2024

၂၆. ၁. ၂၀၂၄
Written by Thettant

မလေးရှားနိုင်ငံ၊ ဖာအန်းခရိုင်၊ ကာမီရွန်ဟိုက်လန်းဒေသမှာ မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ချင်းလူမျိုး ၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေနဲ့ မလေးရှားရောက် ချင်းလူမျိုးအသိုင်းအဝိုင်းဆီက သိရပါတယ်။

ဖြစ်စဥ်က မလေးရှားနိုင်ငံ၊ ဖာအန်းခရိုင်၊ ကာမီရွန်ဟိုက်လန်းက စိုက်ပျိုးရေးခြုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မင်းတပ်မြို့နေ ချင်းလူမျိုး ၅ ဦးဟာ မနေ့က ဇန်နဝါရီ ၂၅ ရက် ညနေပိုင်း ၈ နာရီဝန်းကျင်မှာ မြေပြိုမူကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ၄ ဦးကတော့ မြေပြိုမှုမှာ အရှင်လတ်လတ်မြေမြှုပ်ခံလိုက်ရတဲ့အခြေအနေမျိုးကြောင့် ဆက်လက်ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

သေဆုံးသွားတဲ့ ချင်းလူမျိုး ၅ ဦးဟာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးလို့ သိရှိရပြီး ဦးရှိန်းလောဟာ၊ ဦးလောဟာဖေ၊ ဒေါ်အွမ်မြူး၊ ကိုထန်းမောင်း၊ ကိုကီးရှိန်းအွမ်တို့ဖြစ်တယ်လို့ K’cho Ethnic Association. က ဆိုပြီး သူတို့ဟာ အသက် ၂၅ နှစ်နဲ့ ၅၆ နှစ်ကြားဝန်းကျင်အရွယ်တွေပဲ ရှိသေးတယ်လို့လည်း သိရပါတယ်။

သေဆုံးပျောက်ဆုံးသူ ၅ ဦးထဲက တစ်ဦးရဲ့ အလောင်းကို ဒီမနက် ၁၀ နာရီလောက်က တွေ့ခဲ့ပြီး ကျန်တဲ့ ၄ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့လည်း သိရသလို ဒေသဆိုင်ရာအာဏာပိုင်တွေက မြေပြိုမှုဖြစ်ပွားရာဒေသကို သွားလာခွင့်ပိတ်ပင်ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

Ref, CNA & K’cho Ethnic Association Malaysia

Leave a Reply

Your email address will not be published. Required fields are marked *