October 18, 2024

MT News

Written By Thandar

မလေးရှားနိုင်ငံ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club မှာ Sexy မော်ဒယ် ဖူးပွင့်ခိုင်နဲ့ အဆိုတော် သရုပ် ဆောင် အေမီဈာန်တို့ ထိန်းသိမ်းခံခဲ့ရာက အေမီဈာန် ပြန်လည်လွတ်မြောက်လာပြီဖြစ်ပေမဲ့ မော်ဒယ် ဖူးပွင့်ခိုင် နဲ့ မြန်မာနိုင်ငံသားတချို့ကတော့ ဆက်လက်ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

“လက်ရှိ အဲဒီနေ့က ဖမ်းဆီးထားတဲ့ ကိစ္စရပ်တွေ‌နဲ့ ပတ်သက်ပြီးတော့ ညီမတို့ သေသေချာချာ‌တော့ မသိရသေးဘူး။ မအေမီဈာန်ကတော့ လွတ်နေတယ်လို့ သိရပါတယ်။ တချို့က လွတ်တဲ့သူတွေ လွှတ်လာပါပြီ။ ကျန်တဲ့ ညီမ သူငယ်ချင်း‌တွေတချို့နဲ့ မဖူး(ခ)ဖူးပွင့်ခိုင် လာမယ့် ဇန်နဝါရီ ၂၇ ရက် ရုံးချိန်မှ အခြေအနေ သေချာသိရမှာပါ” လို့ မလေးရှားနေထိုင်သူ နီးစပ်သူတစ်ဦးက MT News ကို ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဇန်နဝါရီ ၁၃ ရက် ညပိုင်းက Sexy မော်ဒယ်ဖူးပွင့်ခိုင်ရဲ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့ကိတ်ခွဲနေချိန်မှာ မလေးရှားနိုင်ငံက ရဲတွေ ဝင်ရောက်ဖမ်းဆီးတာဖြစ်ပါတယ်။

အဆိုတော် သရုပ်ဆောင် အေမီဈာန်ကလည်း ပရိသတ်သိအောင် သူ့ရဲ့ Facebook Acc ကနေ 24•1•24 (Wednesday) ဆိုတဲ့ စာလေး ရေးတင်ထားတာဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ မြန်မာနိုင်ငံသား ၂၀၀ နီးပါးလည်းပါဝင်ခဲ့တာဖြစ်ပြီး တချို့ ပြန်လည်လွတ်မြောက်ခဲ့တာရှိသလို မလွတ်မြောက်သူတွေကိုတော့ မလေးရှားရောက် မြန်မာနိုင်ငံသားတချို့ကလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *