October 18, 2024

MT News
၂၅. ၁. ၂၀၂၄

ဆိတ်ကျောင်းနေသူကို ဒလန်ဟုဆိုကာ PDF သတ်ဖြတ်

ဇန်နဝါရီ ၂၁ ရက် နံနက် ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ကိုဇင်မင်းနိုင်(ခ)အရှည်ကြီး(၂၁)နှစ်သည် ကျေးရွာ၏အရှေ့ဘက် ၄ ဖာလုံခန့်အကွာရှိ ဒေသအခေါ် ပြွန်ကြီးကုန်းတော၌ ဆိတ်ကျောင်းနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး “ဒလန်”ဟုစွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကိုဇင်မင်းနိုင်(ခ)အရှည်ကြီးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

ရေးမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် အပါအဝင် ဒေသခံ ၅ ဦး ဖမ်းဆီးခံရဟု သတင်းမှားဖြန့်

မွန်ပြည်နယ်၊ ရေးမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် အပါ အဝင် ဒေသခံ ၅ ဦးကို ဇန်နဝါရီ ၂၂ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြောင်းမဲ့လာရောက် ဖမ်းဆီး သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်မီဒီယာများက ရေးသားဖြန့်ဝေနေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ရေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူ မည်သူ့ကိုမျှ ဖမ်းဆီးခြင်းမရှိကြောင်း သိရှိရသည်။

AA ပစ်ခတ်၍ ပုလဲ​တောင်ရွာတွင် သုံးဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုလဲတောင်ကျေးရွာကို ဇန်နဝါရီ ၂၃ ရက်နေ့က တပ်မတော်မှလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ညီအစ်ကို ၃ ဦးသေဆုံးခဲ့ပြီး၊ ၈ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသော်လည်း မြေပြင်သတင်းပေးပို့ချက်များနှင့် ဘူးသီးတောင် မြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာများအား ဇန်နဝါရီ ၂၃ ရက်နေ့တွင် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပုလဲတောင်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ပြည်သူများနေထိုင်ရာ မြို့၊ ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ညထုတ်ပြန်သည်။

ပဲခူးတိုင်းအတွင်း PDF ပစ်ခတ်၍ ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ် ၄ လုံး ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို ဇန်နဝါရီ ၂၁ ရက်တွင် တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လိန်ပင်ဝဲကျေးရွာ ဖိုးအင်ကုန်းမှ ပြည်သူ ၂ ဦးနှင့် ဝါချဲကျေးရွာမှ ပြည်သူ ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးပျက်စီးခဲ့သည်ဟု သတင်းမှား ရေးသားဖြန့်ဝေနေမှုအပေါ် မြေပြင်စုံစမ်းသိရှိရသော သတင်းများအရ ဇန်နဝါရီ ၂၁ ရက်တွင် အဆိုပါမြို့နယ်ရှိ ကျေးရွာများ ဝန်းကျင်အနီး၌ တပ်မတော်စစ်ကြောင်းများ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်မှုကို လက်နက်ကိုင်များက အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခြင်းတို့ကြောင့် ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရသည်။ (https://t.me/MT_News_Media)

Leave a Reply

Your email address will not be published. Required fields are marked *