October 18, 2024

MT News
၂၅. ၁. ၂၀၂၄

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်း(MNA)မှာ အသုံးပြုမဲ့ အန္တရာယ်ရှိကုန်စည်တွေအပါအဝင် ကုန်တန်ချိန် ၂၂ တန်ခန့် သယ်ဆောင်နိုင်ပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်တွေမှာ ပျံသန်း​ပြေးဆွဲမဲ့ Boeing 737-800 Freighter လေယာဉ်ဟာ မနေ့က ဇန်နဝါရီ ၂၄ ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်အမှတ် 9M-WCA ၊ Flight No. (3G 005) Cargo လေယာဉ်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က ထွက်ခွာလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နေ့လယ် ၃ နာရီ ၂၅ မိနစ်မှာ ဆိုက်ရောက်ခဲ့ကာ မြန်မာအမျိုးသားလေကြောင်းရဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်တွေမှာ အသုံးပြု ပျံသန်းပြေးဆွဲသွားမှာဖြစ်သလို တန်ချိန်အားဖြင့် ၂၂ တန်ခန့် သယ်ဆောင်နိုင်မဲ့အပြင် ပုံမှန်လေကြောင်းခရီးစဉ်မှာ သယ်ဆောင်လို့မရတဲ့ Dangerous Goods တွေလည်း သယ်ယူ ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။

Boeing 737-800 Freighter လေယာဉ်အမှတ် 9M-WCA (Flight No. 3G 005) ဟာ ရန်ကုန်မြို့ကိုအခြေပြုပြီး အရှေ့တောင်အာရှနိုင်ငံတွေဆီ ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ ခရီးစဉ်တွေ ပိုမိုချဲ့ထွင် ပျံသန်းပို့ဆောင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *