October 18, 2024

၂၅. ၁. ၂၀၂၄
Written by Nay Moe

မွန်ပြည်နယ်၊ ရေးမြို့နယ် လင်းဦး စစ်ဆေးရေးဂိတ်က လက်နက်ကိုင်သူ ၃ ဦး လိုက်ပါလာတဲ့ ကားကို ရေးဘီလူး PDF အဖွဲ့က ချောင်းမြောင်းစောင့်ကြိုပစ်ခတ်တာကြောင့် ကားပေါ်ပါလာတဲ့ ၃ ဦးစလုံး သေဆုံးသွားပြီး လက်နက် ၃ လက်နဲ့ ကျည်တွေ သိမ်းယူခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီလိုချောင်းမြောင်းတိုက်ခိုက်မှုကို ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီကျော်အချိန်က စစ်ဆေးရေးဂိတ်ကနေထွက်လာတဲ့ကားကို ရေးဘီလူးအဖွဲ့က PDF ၄ ယောက်က လမ်းဘေးဝဲယာကနေ ပုန်းအောင်းပစ်ခတ်ကြတာဖြစ်ပြီး အချက်ပေါင်းများစွာပစ်ခတ်မှုကြောင့် ကားတစ်စီးလုံးကျည်ထိမှန်ဗရပွဖြစ်ခဲ့တဲ့အပြင် ကားကလည်း လမ်းဘေးထိုးရပ်သွားချိန်မှ ရေးဘီလူးအဖွဲ့က သေနတ်တွေကို သွားပြီးလုယူခဲ့တာပါ။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒေသတွင်းသတင်းတွေအရဇန်နဝါရီ ၂၄ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ရေးမြို့နယ်၊ ခံသင်းတံတား အခြေပြုနေတဲ့ မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင် နိုင်စိုးသူ၊ နိုင်ရမ်ဘိုနှင့် ဖြိုးရာဇာတို့ ၃ ဦးဟာ ခံသင်းတံတားအဖွဲ့ဝင်တွေအတွက် စျေးဝယ်ဖို့ထွက်လာချိန် စုံနံ့သာကျေးရွာ၊ ဘောလုံးကွင်းအနီးသို့ ရောက်ရှိချိန်မှာ ရေးဘီလူး PDF အဖွဲ့တွေက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်လို့ သုံးဦးစလုံး သေဆုံးပြီး AK နှစ်လက်နဲ့ လက်နက်ကြီး 79 .40 mm တစ်လက် လုယက်သွားတယ်လို့လည်း ကနဦးသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *