October 18, 2024

ပျက်ကျသည့်လေယာဥ်တွင် ယူကရိန်းစစ်သုံပန်း ၆၅ ဦး၊ လေယာဥ်အမှုထမ်း ၆ ဦးနှင့် ရုရှားအရာရှိ ၃ ဦးသေဆုံးသည်ဆိုသော်လည်း အလောင်းများစွာ မတွေ့ရ

၂၅. ၁. ၂၀၂၄
Translated by Htwe Ko Tun

ရုရှားလေတပ်မှ အီလူရှင်း-၇၆ လေယာဉ်တစ်စင်းက ရုရှားနိုင်ငံ၊ ဘယ်လ်ဂိုရော့ဒ်မြို့သို့ ပျံသန်းလာစဉ် ယူကရိန်းနယ်စပ်နှင့် မိုင် ၂၀ ခန့်သာဝေးသောနေရာ၌ ယူကရိန်းတို့၏ဒုံးကျည်ဖြင့်ပစ်ခတ်မှုကြောင် ဇန်နဝါရီ ၂၄ ရက်က ပျက်ကျခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ရုရှားလေယာဉ်က မြေပြင်သို့ပျက်ကျခဲ့ရာတွင် ဒုံးကျည်ဖြင့်ပစ်ချခံရမှုဟု ယူဆနိုင်ဖွယ်အထောက်အထားတစ်ခုအဖြစ် မီးခိုးတန်းကြီး လေယာဉ်ပျက်ကျရာနေရာမှ ထွက်လာသည်ကို တွေ့ကြရသည်ဟု ဆိုသည်။ ရုရှားအစိုးရကလည်း လေယာဉ်ပျက်ကျသည်ဆိုခြင်းကိုမူ ငြင်းဆန်ခြင်းမပြုခဲ့ပေ။ မော်စကိုရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အီလူရှင်း-၇၆ လေယာဉ်မှာ နှစ်နိုင်ငံသဘောတူလဲလှယ်ချက်အရ ပြန်လွှတ်ပေးမည့် ယူကရိန်း စစ်သုံ့ပန်း ၆၅ ဦးကို တင်ဆောင်လာခြင်းဟု ကြေညာခဲ့သည်။ထိုစစ်သုံ့ပန်းများအားလုံးနှင့် လေယာဉ်ဝန်ထမ်းခြောက်ဦးအပြင် ရုရှားအရာရှိသုံးဦးပါ သေဆုံးခဲ့ရကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့သည်။

သို့ရာတွင် လေယာဉ်ပျက်ကျသည့်နေရာ၌ သေဆုံးခန္ဓာကိုယ်များစွာ မတွေ့ရသည့်အပြင် ရုရှားဘက်မှ ပြောကြားသော လေယာဉ်ပေါ်ပါ ယူကရိန်းစစ်သုံ့ပန်းများ၏ အမည်စာရင်းတွင် နှစ်ဖက်လဲလှယ်မှုပြုပြီးသူများ၏ အမည်များလည်းပါဝင်နေရာ ၎င်းကမမှန်ကန်ဟုလည်းဆိုကြသည်။

သို့သော် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်မှာ ယူကရိန်းတို့က ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကိုခံခဲ့ရခြင်းဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ရုရှားအရာရှိသုံးဦး၊ လေယာဉ်ဝန်ထမ်းခြောက်ဦးနှင့် ယူကရိန်း စစ်သုံ့ပန်း ၆၅ ဦးသေဆုံးခဲ့ကြောင်း ကြေညာခဲ့ပြန်သည်။ လေယာဉ်ပျက်ကျသောနေရာနှင့် မိုင် ၅၀ ခန့်သာဝေးသည့် ယူကရိန်းနိုင်ငံ ကာကစ်ဗ် ဒေသအတွင်းမှ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ဖြင့် ထောက်လှမ်းတိုက်ခိုက်ခဲ့ခြင်းဟုလည်း ကြေညာချက်တွင်ဖော်ပြခဲ့သည်။

ယူကရိန်းစစ်ဘက်ကလည်း ရုရှားလေယာဉ်အား ပစ်ချခဲ့သည်ဟု ဝန်ခံပြောကြားခြင်းမပြုခဲ့ပေ။ ထို့ကြောင့်လည်း ရုရှား၏ အီလူရှင်း-၇၆ လေယာဉ် ဇန်နဝါရီလ ၂၄ ရက်က ယူကရိန်းနယ်စပ်အနီးပျက်ကျခဲ့မှုက လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်နေရသေးသည်ဟုလည်းဆိုသည်။

Ref – Forbes, CNN

Leave a Reply

Your email address will not be published. Required fields are marked *