October 18, 2024

၂၅. ၁. ၂၀၂၄
Written by Nay Moe

သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းရွာအုပ်ချုပ်ရေးမှူးကို ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေးဆိုပြီး သာယာဝတီ PDF နှစ်ဖွဲ့က သတ်ဖြတ်လိုက်ပြီလို့ လုပ်ကြံသတ်ဖြတ်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အခု ထုတ်ပြန်လာပါတယ်။

ဖြစ်စဥ်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ပြည်သူ့စစ်တပ်ဖွဲ့ဝင် အသက် ၄၀ ခန့်အရွယ်’ဦးလွင်မောင်’ ကို မနေ့က ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခွဲခန့်မှာ သရက်ဖြူကန်ကျေးရွာက ဦးလွင်မောင့် နေအိမ်မှာပဲ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့ PDF တွေက “ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် သေနတ်နဲ့ပစ်သတ်ခဲ့သလို ကျည်ကာအင်္ကျီနှစ်ထည်နဲ့ စစ်အသုံးအဆောင်တချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

သာယာဝတီ PDF တွေသတ်ဖြတ်လိုက်တဲ့ အုပ်ချုပ်ရေးမှူး ‘ဦးလွင်မောင်’ဟာ ပြည်သူ့စစ် သင်တန်းဆင်းတစ်ဦးဖြစ်ပြီး ပြည်သူ့စစ် သင်တန်းတက်ဖို့ ပြည်သူတွေကို စုဆောင်းနေတာကြောင့် အခုလိုသတ်လိုက်တာဖြစ်သလို ဆက်လက်ပြီးလည်း သာယာဝတီခရိုင်အတွင်း ပြည်သူ့စစ်အဖြစ် အတင်းအကြပ် ဖိအားပေး စုဆောင်းနေသူတွေကို ဆက်လက်သတ်ဖြတ်မယ်လို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ခြိမ်းခြောက်ထားပါတယ်။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးတွေ အများအပြားသတ်ဖြတ်ခံရတဲ့ တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ပတ်လည်၊ ဆရာဆရာမ ၈၀ နီးပါးနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၆၇၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှုခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *