October 18, 2024

၂၄. ၁. ၂၀၂၄
Written by Nay Moe

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ ဖျက်မြင်းစစ်ကြောင်းက တပ်စိတ်မှူးညောင်တုန်းဟာ ရှေ့တန်းမှာ မနေ့က လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

မနေ့က ဇန်နဝါရီ ၂၃ ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ နဲ့ P3 စစ်ဒေသ အမှတ်-၃ ၊ဗျူဟာ ၁၊စစ်ကြောင်း ၁ ဒေသက ရှေ့တန်းတစ်နေရာမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ ဖျက်မြင်းစစ်ကြောင်းက အားကိုးအားထားရတဲ့ အသက် ၂၈ နှစ်အရွယ် တပ်စိတ်မှူး ရဲဘော် ညောင်တုန်း(ခ) ဝေယံထွန်း (ခ) အရှည်ကြီးဟာ လက်နက်ကြီးကျည် ဦးခေါင်းထိမှန်သေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ရဲဘော် ညောင်တုန်းဟာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ အစားထိုးမရနိုင်တဲ့ PDF တစ်ယောက်ဖြစ်လို့ ဆုံးရှုံးမှုကြီးမားခဲ့တယ်လို့လည်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ ဖျက်မြင်းစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *