October 18, 2024

MT News
၂၄. ၁. ၂၀၂၄

မွန်ညီညွတ်ရေးပါတီ နာယက နိုင်ငွေသိန်းဟာ အသက် ၈၈ နှစ်အရွယ် မနေ့က ဇန်နဝါရီ ၂၃ ရက်နေ့လည် ၁၂ နာရီ ၃၄ မိနစ်အချိန်မှာ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ လူကြီးရောဂါနဲ့ ဘဝတစ်ပါးကူးပြောင်းသွားပြီဖြစ်ပြီး မနက်ဖြန်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဖွဲ့စည်းရာမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတဲ့ နိုင်ငွေသိန်းဟာ မွန်အမျိုးသားပါတီမှာ ပါတီဒုတိယဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သလို မွန်ပါတီနှစ်ခုပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီမှာလည်း နာယကအဖြစ် မကွယ်လွန်ခင်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

နိုင်ငွေသိန်းရဲ့ စျာပနကို မနက်ဖြန် မွန်းလွဲ ၁ နာရီမှာ မော်လမြိုင်မြို့နေအိမ်ကနေ ပိန္နဲကုန်းသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မှာဖြစ်လို့ ပါတီဝင်တွေအနေနဲ့ မနက်ဖြန် နေ့လယ် ၁ နာရီမှာ နေအိမ်ကိုလာရောက်ပြီး လိုက်ပါပို့ဆောင်နိုင်တယ်လို့ မွန်ညီညွတ်ရေးပါတီက ကြေညာထားပါတယ်။

ပုံစာ။ နိုင်ငွေသိန်း၏ စျာပနမြင်ကွင်း (ဓာတ်ပုံ – မိစန္ဒာနန်၊ Mi Su Mon)

Leave a Reply

Your email address will not be published. Required fields are marked *