October 18, 2024

၂၄. ၁. ၂၀၂၃
Written by Hey Mar

အရက်သေစာသောက်စားပြီး လမ်းဘေးအိပ်ရာက အမျိုးသားတစ်ဦး လေဖြတ်သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၂၄ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းကနေ သိရပါတယ်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ယမုံနာရပ်ကွက်၊ အောင်မေတ္တာကမ်းနားလမ်းမှာရှိတဲ့ အ.မ.က (၁) ကျောင်းရှေ့မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အမျိုးသားက အသက် ၄၄နှစ်အရွယ် ဦးသန်းစိုးလို့ သိရပါတယ်။

“သေတဲ့သူက ပိုင်ရှင်မဲ့မဟုတ်ဘူး။ မိန်းမနဲ့ ကလေးသုံးဦး ကျန်ခဲ့ပါတယ်။ ကျွန်တော်တို့ ယမုံနာဘက်က ကျူးကျော်တွေများတယ်။ သေဆုံးသူ မိသားစုကလည်း ကျူးမိသားစုထဲပဲ။ သူက အရက်သောက်ပြီး အဲ့ဒီခုံတန်းမှာ ညဘက်အိပ်နေကြလို့ ပြောတယ်။ ရာသီဥတုက အေးတာရော ကျွန်တော်တို့ရောက်တော့ ဘာအခင်း ဘာခြုံထည်မှ မပါဘဲ အိပ်နေတာမို့ အလောင်းက တောင့်တောင်နေပြီ ” လို့ အောင်ရဲသူ လူမှုကူညီရေးအသင်းက MT News ကို ပြောပါတယ်။

ရုပ်အလောင်းကို သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *