October 18, 2024

၂၄. ၁. ၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာ၊ ဆင်ဖြူကွင်းလမ်းဟောင်းတွင် ယနေ့ (ဇန်နဝါရီ ၂၄ ရက်) နံနက် ၁ နာရီ ၃၈ မိနစ်က ရော်ဘာပေါင်းခံစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ရော်​ဘာပေါင်းခံစက်ရုံ မီးလောင်မှုမှာ ရော်ဘာများကို ပေါင်း​ခံရာမှ အပူလွန်ကဲကာ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အလျား ပေ ၄၀၊ အနံ ၁၀ ပေ၊ အမြင့် ၁၅ ပေရှိ အုတ်ကာ၊ သစ်သားခင်း၊ သွပ်မိုး ရော်ဘာပေါင်းခံရုံနှင့် ရော်ဘာအပြား ၃၀၀၀ ခန့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ ၁ နာရီနီးပါးကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၆ စီးနှင့် မီးသတ်သမားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *