October 18, 2024

၂၄. ၁. ၂၀၂၄
Written By Thandar

TRUST Production က ခမ်းနားကြီးကျယ်စွာ ၁၁ ကြိမ်မြောက်ကျင်းပမယ့် Miss Universe Myanmar 2024 ပြိုင်ပွဲကြီးမှာ Miss Universe Yangon ကိုယ်စားပြုအလှမယ် ပါဝင်ယှဉ်ပြိုင်ဖို့အတွက် လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ City Director Of Miss Universe Yangon ကိုကောင်းမြတ်က MT News ကို ပြောပါတယ်။

“ကျွန်တော့်အနေနဲ့က ရန်ကုန်မှာရောက်ရှိတဲ့ အမျိုးသမီးတွေအနေနဲ့ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ အမျိုးသမီးဖြစ်အောင် အကုန် ခွဲစိတ်ပြီးစီးတဲ့ အမျိုးသမီး Transgender တွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးထားတယ်။အိမ်ထောင်ကျပြီးသား အမျိုးသမီးတွေကိုလည်း အသက်ကန့်သတ်ချက်မရှိ ပါဝင်ယှဉ်ပြိုင်လို့ရပါတယ်။ ပြိုင်ပွဲဝင်တွေက အရပ်က အနည်းဆုံး ၅ ပေ ၄ လက်မ ရှိရပါမယ်။ အမျိုးသမီးတွေအနေနဲ့ ပိန်ပိန်ဝဝ သတ်မှတ်ထားတာမရှိပါဘူး။ အမျိုးသမီးတိုင်းမှာ အခွင့်အရေးတွေရှိပါတယ်။ မနှစ်ကလည်း အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်အောင်လုပ်ခဲ့တယ်။ ဒီနှစ်လည်း အခမ်းအနားဆုံး အအောင်မြင်ဆုံးဖြစ်ဖို့ ဖိတ်ခေါ်တာပါ။ ရန်ကုန်မြို့နယ်တစ်ခုအတွက် ၄ ယောက်ရွေးချယ်တာဖြစ်တဲ့အတွက် ပိုအခွင့်အရေးရမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ City Director Of Miss Universe Yangon ကိုကောင်းမြတ်က MT News ကို ပြောပါတယ်။

အဆိုပါ အလှမယ်ပြိုင်ပွဲကြီးမှာတော့ ရန်ကုန်မြို့ ကိုယ်စားပြုအနေနဲ့ Miss Universe Yangon (EAST) ၊ Miss Universe Yangon (WEST) ၊ Miss Universe Yangon (SOUTH) ၊ Miss Universe Yangon (NORTH)အလှမယ် ၄ယောက်တစ်ခါတည်းရွေးချယ်မှာဖြစ်တယ်လို့ဆိုပါတယ်။ အမျိုးသမီးတိုင်းအတွက် အသက်အရွယ် ကန့်သတ်ထားခြင်းမရှိတဲ့ ပြိုင်ပွဲလျှောက်လွှာတွေကိုတော့ ဇန်နဝါရီ ၂၃ ရက်ကနေ စတင်ပြီးလျှောက်ထား
နိုင်ပြီး ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံး ဖောင်ပိတ်သွားမယ်လို့ သိရပါတယ်။

အလှမယ်ပြိုင်ပွဲဝင်ရောက်လျှောက်ထားလိုသူတွေအနေနဲ့ အမည် ၊ မွေးသက္ကရာဇ် ၊ အရပ်အမြင့် ၊ ပညာအရည်အချင်း ၊ မှတ်ပုံတင်အမှတ် ၊ ဓာတ်ပုံ(မျက်နှာပုံ/တစ်ကိုယ်လုံးပုံ) ၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် စတာတွေ ပြည့်စုံစွာရေးသားပြီး MISS UNIVERSE YANGON Page ၊ Messenger (or) Google Form link တွေက ပေးပို့လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *