October 18, 2024

၂၄. ၁. ၂၀၂၄
Written By Thandar

Rapper အဆိုတော်မလေး ပြုံးမြသွယ်ရဲ့ ကိုယ့်သဘောကျတဲ့ကောင်လေးကို စိတ်ကူးနဲ့ပုံဖော်ထားတဲ့ “A Chit Yuu” သီချင်းသစ်ကို မကြာခင် ပရိသတ်လက်ထဲထည့်ပေးမယ်လို့ ရင်ဖွင့်လာပါတယ်။

“အချစ်ရူးဆိုတဲ့ ခေါင်းစဉ်လေးက သီချင်းစာသားထဲမှာပါလို့ ပေးဖြစ်တာပါ။ ခံစားချက်ကတော့ စိတ်ကူးယဉ်ပါလို့။ ကိုယ်သဘောကျတဲ့သူတစ်ယောက်ကို စိတ်ကူးပြီးရေးထားတာပါ ။ညီမရဲ့ ဆိုနေကျမဟုတ်ဘဲနဲ့ R&B လို ပုံစံလေး ဖန်တီးထားပါတယ်။ ဒီသီချင်းလေးကို မကြာခင်ထွက်ရှိလာဖို့ ပြင်ဆင်နေပါပြီ။ ဒီသီချင်းလေးကို နားထောင်လိုက်လို့ သဘောကျတယ်။ သူတို့နဲ့ တိုက်ဆိုင်တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ ပရိသတ်ဆီကတော့ အများကြီးတော့ မမျှော်လင့်ထားပါဘူးရှင့် “လို့ တေးသံရှင် ပြုံးမြသွယ်က MT News ကို ပြောပါတယ်။

သူမ ကိုယ်တိုင်ရေးသားထားတဲ့ အဆိုပါ တေးသီချင်းက ဆိုနေကျမဟုတ်တဲ့ R&B သီချင်း အမျိုးအစားဖြစ်ပြီး Lyrics video အနေနဲ့ လာမယ့် ဖေဖော်ဝါရီလမှာ ထွက်ရှိသွားမယ်လို့ ဆိုပါတယ်။

ပြုံးမြသွယ်က ကိုယ်တိုင်ရေး Single Song လေးတွေဖြစ်တဲ့ My Boo ၊ 18 ၊ မလိုချင်တော့ပါဘူး ၊ Waiting ၊ You ၊ Me Myself & I ၊ Vroom Vroom စတဲ့သီချင်း ၁၀ ပုဒ်ကျော်ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ Berklee College of Music တက္ကသိုလ် မှာ ဒုတိယနှစ်တက်နေတာလည်း ဖြစ်ပါတယ်။ သူမကတော့ တေးသီချင်းလေးတွေကို ကိုယ်ကြိုက်နှစ်သက်တဲ့ Music ပုံစံအတိုင်း ထွက်ရှိထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *