October 18, 2024

MT News
၂၃. ၁. ၂၀၂၄

အိန္ဒိယနိုင်ငံ၊ လန်ပူရီမြို့လေဆိပ်၌ မြန်မာ့တပ်မတော်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လန်ပူရီမြို့လေဆိပ်၌ ယနေ့နံနက်ပိုင်းက မြန်မာတပ်မတော်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F 200 WB အမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂၁) သည် မြန်မာ-အိန္ဒိယ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရန် ယနေ့နံနက် ၁၀ နာရီခန့်တွင် မိတ္ထီလာမြို့မှထွက်ခွာခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လန်ပူရီမြို့လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရောက်ရှိဆင်းသက်စဉ် ရုတ်တရက် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့၍ လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့ကြသည့် လေယာဉ် အရာထမ်း/အမှုထမ်းများအနက် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစေလျက်ရှိသည်။ ထိုသို့ လေယာဉ်စက်ချို့ယွင်းပြီး ပြေးလမ်းချော်ခဲ့မှုနှင့်ပတ်သက်၍ အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာအနီး ကြံခုတ်နေသည့် ဒေသခံပြည်သူများအား PDF များက အကြောင်းမဲ့ပစ်ခတ်၍ ၆ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ကြံခင်းအတွင်း ကြံခုတ်နေသည့် ဒေသခံပြည်သူများအား ယနေ့နံနက် ၁၀ နာရီခန့်တွင် PDF များက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြံခုတ်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား သေဆုံးလျက်တွေ့ရှိရပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိနေကြောင်း တွေ့ရှိရသည်။ သေဆုံးခဲ့ရသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေး ကန့်ဘလူမြို့ရှိ နယ်မြေခံဆေးပေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မတ္တရာမြို့နယ်၊ မှော်နီကုန်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးဟု သတင်းမှားဖြန့်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မှော်နီကုန်းကျေးရွာကို ယနေ့နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း DVB သတင်းဌာနက မမှန်သတင်းဖြန့်ဝေနေပြီး ဖြစ်စဉ်အမှန်မှာ မတ္တရာမြို့နယ်တွင် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF များက မှော်နီကုန်းကျေးရွာအနီးတွင် လာရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ထွက်ပြေးချိန်တွင် မှော်နီကုန်းကျေးရွာမှ နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်များနှင့် လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

KNU က ဒရုန်းဗုံးချ၍ ပေါက်ကွဲဲမှုကြောင့် ခင်ပွန်းသေပြီး ဇနီး ဒဏ်ရာရ

ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံ၌ ဗုံးသီးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် ဒဏ်ရာရရှိထားသည့် အမျိုးသမီးတစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်တံခါးမြို့နယ်၊ ပေါက်ကုန်းကျေးရွာနေ ဦးကြည်ထူး(၆၂)နှစ်တွင် ဝဲမျက်ခုံးနှင့် ရင်ဘတ်တို့၌ ဗုံးသီးစထိမှန်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးနေပြီး ၎င်း၏ဇနီး ဒေါ်မြင့်တာ(၅၀)နှစ်တွင် ဝဲလက်မောင်း၌ ဗုံးသီးစထိမှန် ဒဏ်ရာတစ်ချက်ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းတို့နှစ်ဦးသည် နေအိမ်၌ ရှိနေစဉ် နေ့လယ် ၁၂ နာရီခန့်တွင် ၎င်းတို့၏နေအိမ်အရှေ့သို့ KNU နှင့် PDF များ ပစ်ချခဲ့သည့် Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *