October 18, 2024

Yangon Eagle အဖွဲ့က လုယက် သတ်ဖြတ်လိုက်သည်ဆိုသော ဒေါ်အိချယ်ရီကျော်ဆိုသူနှင့် Yangon Eagles အဖွဲ့၏ ဖြေရှင်းချက်။

၂၄. ၁. ၂၀၂၄
Written by Nay Moe

တပ်ရင်းမှူးတစ်ဦးရဲ့ဇနီးကို PDF တွေက ဖမ်းဆီးပြီး သေနတ်လုယက်တယ် အကြောင်းပြပြီး သတ်ဖြတ်လိုက်တဲ့အပြင် မော်တော်ယာဥ်နဲ့ ဖုန်းတွေ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေကိုပါ လုယက်လိုက်တဲ့အပေါ် Yangon Eagles အဖွဲ့က ရှင်းလင်းစာ ထုတ်ပြန်လာပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၂ နာရီခွဲအချိန် မွန်ပြည်နယ် ကျိုက်ထို-သိမ်ဇရပ်လမ်းပိုင်းတစ်နေရာမှာ သိမ်ဇရပ်အခြေစိုက် အမြောက်တပ်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ညီညီအောင်ရဲ့ဇနီးဖြစ်သူ ဒေါ်အိချယ်ရီကျော်ဟာ နေပြည်တော်ကနေ ကျိုက်ထိုကို ပိုက်ဆံယူဖို့ အဖော်အမျိုးသမီးတစ်ဦးနဲ့ ကားနဲ့ ဆင်းလာချိန် သတင်းရရှိတာကြောင့် ဖမ်းဆီးစစ်ဆေးချိန် အနီးက PDF တစ်ဦးရဲ့ သေနတ်ကိုလု ပြန်လည်ခုခံပြီး ထွက်ပြေးဖို့ကြိုးစားလို့ သတ်ဖြတ်လိုက်တယ်လို့ လုယက်သတ်ဖြတ်တဲ့ Yangon Eagle အဖွဲ့က PDF ထောက်ခံတဲ့ မီဒီယာတွေကို ဖြေဆိုလာတာကြောင့် ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး နောက်ထပ် Yangon Eagles PDF တစ်ဖွဲ့က ဖြေရှင်းချက်ထုတ်လာတာပါ။

ဒီဖြစ်စဥ်ကို ကျုးလွန်တဲ့ Yangon Eagle ဟာ လက်နက်မဲ့အမျိုးသမီးတစ်ယောက်ကို ပစ်ခတ်သတ်ဖြတ် အလောင်းဖျောက်ခဲ့တဲ့အပြင် ဒေါ်အိချယ်ရီကျော်ရဲ့ ယာဥ်၊ ဖုန်း၊ ငွေကြေး၊ လက်ဝတ်ရတနာ အားလုံးကိုပါ လုယက်သိမ်းဆည်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ စာထုတ်ပြန်တဲ့ Yangon Eagles အဖွဲ့က သူတို့နဲ့ နာမည်တူအဖွဲ့ရဲ့ ကျုးလွန်မှုနဲ့ပတ်သက်ပြီး သူတို့ အဖွဲဲ့ဟာ စစ်သည်တော်ကျင့်ဝတ်လိုက်နာကြောင်း၊ စစ်ရေးဆိုင်ရာကျင့်ဝတ်လိုက်နာမှုမရှိတဲ့ Yangon Eagle ရဲ့လုပ်ရပ်ဟာ သူတို့လုပ်သယောင် အထင်အမြင်လွဲသွားနိူင်တာကြောင့် အသိပေးရတာဖြစ်ကြောင်း၊ သူတို့အဖွဲ့ဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်မဟုတ်တဲ့ လက်နက်မဲ့အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာ မလုပ်ကြောင်း ထုတ်ပြန်ဖော်ပြထားတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *