October 18, 2024

၂၄. ၁. ၂၀၂၄
Written by Pan Ei

ရုပ်ရှင်လောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုပေးပွဲဖြစ်တဲ့ အော်စကာဆုပေးပွဲရဲ့ ၉၆ ကြိမ်မြောက်ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းတွေကို မနေ့ညက ထုတ်ပြန်ခဲ့ရာမှာတော့ ပထမဆုံး အဏုမြူဗုံးကို တည်ဆောက်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ပွဲအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကား Oppenheimer ဟာ အော်စကာဆုအတွက် လျာထားခံရသူ ၁၃ ဦးနဲ့ ဦးဆောင်ကာ ပထမနေရာမှာ ရပ်တည်နေပါတယ်။

Oppenheimer ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု စတဲ့ ဆုကြီးတွေအပါအဝင် ၁၃ ဆုအထိ လျာထားခြင်းခံရတာပဲဖြစ်ပါတယ်။

Oppenheimer ရုပ်ရှင်နဲ့ အကောင်းဆုံးဒါရိုက်တာ ဆန်ခါတင်စာရင်းဝင်တစ်ဦးဖြစ်တဲ့ Christopher Nolan က​ ဒီဇာတ်ကားဟာ ဆန်ခါတင်စာရင်းဝင်တာတွေ များစွာတွေ့ရတဲ့အတွက် အမှန်တကယ် စိတ်လှုပ်ရှားစရာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး “ဒါဟာ ရုပ်ရှင်တွေအတွက် ကောင်းမွန်တဲ့နှစ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ပါဝင်ခွင့်ရတဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်” လို့လည်း Nolan က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Oppenheimer ရုပ်ရှင်နောက်မှာ Poor Things ရုပ်ရှင်က ဆန်ကာတင် ၁၁ နေရာ၊ Killers of the Flower Moon က ဆန်ကာတင် ၁၀ နေရာနဲ့ အသီးသီးရပ်တည်နေပြီး Oppenheimer နဲ့အတူ တစ်ချိန်တည်းမှာပဲ ထွက်ရှိ၊ ရုံတင်ခဲ့သလို ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်တဲ့ Barbie ကလည်း ဆန်ကာတင်စာရင်းမှာ ၈ နေရာအထိ ပါဝင်နေပါတယ်။

၂၀၂၄ ခုနှစ်အတွက် အော်စကာ ဆုပေးပွဲကြီးကိုတော့ လာမယ့် မတ် ၁၀ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ထိပ်တန်းဆုအပါအဝင် ဆုကြီး ၅ ဆုနဲ့ ၂၀၂၄ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မျက်နှာပန်းလှခဲ့တဲ့ Oppenheimer ရုပ်ရှင်အနေနဲ့ အော်စကာဆုပေးပွဲကြီးမှာလည်း ဆုတွေ ဘယ်လောက်သိမ်းပိုက်ပြီး တောက်ပသွားမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *