October 18, 2024

၂၄. ၁. ၂၀၂၄
Written by Nay Moe

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကတည်းက ABSDF ၊ KIA နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲက မော်လူးမြို့မစျေးဟာ မနေ့က ညနေ ၅ နာရီခန့်အချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် တစ်စျေးလုံးမီးလောင်လို့ သိန်းထောင်သောင်းချီ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“စျေးထဲမှာ ဆိုင်ခန်းတင် ၃၀၀ ကျော်ရှိတယ်။ မီးကိုငြှိိမ်းမဲ့မီးသတ်သမားလည်းမရှိတော့ လက်ဆင့်ကမ်းငြှိမ်းရတော့ မီးမနိုင်ဘဲ တစ်စျေးလုံးလောင်သွားတာ။ ဆိုင်ခန်းတစ်ခန်း သိန်း ၅၀ ဖိုးနဲ့ပျမ်းမျှတွက်တောင် အနည်းဆုံး သိန်း ၁၅၀၀၀ ကျော်ဖိုးဆုံးရှုံးသွားတာ” လို့ ဒေသခံတစ်ဦးက ​ပြောပါတယ်။

PDF တွေမထိန်းချုပ်ခင်ကတည်းက ဌာနဆိုင်ရာဝန်ထမ်းတွေ မော်လူးမြို့ကနေ စွန့်ခွာခဲ့သလို မြို့ကိုတိုက်ခိုက်ပြီး နိုင်ငံ့ဝန်ထမ်းတွေ သတ်ဖြတ် ဖမ်းဆီးလိုက်ချိန်မှာ မြို့ကို PDF နဲ့ လက်နက်ကိုင်တွေပဲ ကိုင်တွယ်နေတာဖြစ်ပြီး လက်ရှိမော်လူးမြို့မစျေးမီးလောင်မှုက တိုက်ပွဲဖြစ်ပွားမှု၊ ပစ်ခတ်မှုတွေမရှိချိန်မှာလောင်ကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။

“မီးလောင်တဲ့အချိန်က စျေးသိမ်းပြန်ချိန်ဖြစ်နေတာ။ တချို့လည်း အနည်းအပါးရလိုက်တယ်။ ရှို့မီးလို့လည်းပြောတယ်။ လျှပ်စစ်ဝါယာရှော့ခ်လို့လည်းပြောတယ်။ ဒါပေမဲ့သေချာတာက တိုက်ပွဲမဖြစ်ဘဲ လောင်တာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

PDF တွေ စီးနင်းတဲ့ မြို့တိုင်းဟာ ပြည်သူထောင်သောင်းချီမှီခိုရတဲ့ မြို့မစျေးတွေ မီးလောင်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း PDF နဲ့ EAOs တွေ တိုက်ခိုက်နေတဲ့ လွိုင်ကော်မြို့မစျေးနဲ့ ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့မစျေးလည်း မီးလောင်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *