October 18, 2024

၂၃. ၁. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုတွေကြောင့် လူ ၇၇ ဦး သေဆုံးပြီး ၁၉၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါကာလအတွင်း မီးလောင်မှု စုစုပေါင်း ၁၃၆၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၅ ဒသမ ၅ ဘီလျံရှိတယ်လို့လည်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ထွန်းဦးက ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ မီးလောင်မှု ၂၃၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက်မှာ ရှမ်းပြည်နယ်မှာ ၁၈၃ ကြိမ်နဲ့ မန္တလေး တိုင်း ဒေသကြီးမှာ ၁၇၅ ကြိမ် အသီးသီး ဖြစ်ပွားခဲ့တယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မနှစ်က မီးလောင်မှု အများစုဟာ ပေါ့ဆမှုနဲ့ လျှပ်စစ်ဝါယာရှော့ကြောင့်ဖြစ်တယ်လို့ သိရတဲ့အပြင် မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေထဲမှာ ရှို့မီးနဲ့ တောမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ မြန်မာမှာ မီးဘေးအန္တရာယ် စုစုပေါင်း ၁၅၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ၉၆ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Ref; The Star

Leave a Reply

Your email address will not be published. Required fields are marked *