October 18, 2024

၂၃. ၁. ၂၀၂၄
Translated by Htwe Ko Tun

ဂျပန်နိုင်ငံ၊ အေချိ စီရင်စုအတွင်း အင်နာဇာဝါမြို့ရှိ ကိုနိုမီယာ ရှင်တိုဘုန်းကြီးကျောင်းမှာ နှစ်စဉ်လိုလိုကျင်းပမြဲဖြစ်တဲ့ ‘အမျိုးသားများကိုယ်လုံးတီးချွတ်ပွဲတော်’ ကို ကျင်းပလာခဲ့တဲ့ သက်တမ်း ၁,၂၅၀ နှစ်အတွင်း အမျိုးသမီးတွေကို တက်ရောက်ပါဝင်ခွင့်မရှိဘဲ ပိတ်ပင်ထားခဲ့ရာက ဒီနှစ်မှာတော့ အမျိုးသမီးတွေပါ ပါဝင်ကြဖို့ ဘုန်းကြီးကျောင်းက ဆုံးဖြတ်ခဲ့တယ်လို့ ဇန်နဝါရီ ၂၃ ရက်သတင်းတွေက ဆိုပါတယ်။

ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲတဲ့ အမျိုးသားတွေအဖို့ အလွန်တိုတဲ့ လန်ကွတ်တီလို အဝတ်အစား နည်းနိုင်သမျှ အနည်းဆုံးဝတ်ဆင်ပြီး ကိုယ်လုံးတီးနီးပါးတွေနဲ့ ပါဝင်ဆင်နွှဲရတာပါ။ ဒီပွဲတော်ကျင်းပရခြင်းကတော ပါဝင်ဆင်နွှဲသူတွေအဖို့ လာမယ့် တစ်နှစ်လုံး ကံကောင်းခြင်းတွေနဲ့ပြည့်စုံဖို့ မျှော်လင့်ချက်တွေနဲ့ ခုလို ကိုယ်လုံးတီးနီးပါး ဝတ်ဆင်ကျင်းပကြတာလို့ဆိုပါတယ်။

ကိုယ်လုံးတီးနီးပါးဝတ်ဆင်ထားတဲ့ ဝရုန်းသုန်းကား လူအုပ်ကြီးဟာ လူအုပ်အလည်မှာရှိတဲ့ ဂျပန်လို Shin-otoko လို့ခေါ်ကြတဲ့ ဘုရားရဲ့ ကိုယ်စားလှယ်လူလို့ အဓိပ္ပါယ်ရတဲ ပုဂ္ဂိုလ်နဲ့ထိတွေ့နိုင်ဖို့ ကြိုးစားကြပါတယ်။ ဒီလို ထိတွေ့နိုင်ခြင်းဖြင့် ၎င်းက ထိတွေ့မိသူတိုင်းအတွက် ကံမကောင်းမှုတွေ ဖယ်ရှားပေးနိုင်တယ်လို့ ယူဆကြပါတယ်။

ဂျပန်လို ဟာဒါကာ မတ်ဆာရီလို့လည်းခေါ်တဲ့ ဒီ ‘အမျိုးသားများ ကိုယ်လုံးတီးချွတ်ပွဲတော်’ ကို ဂျပန်နိုင်ငံအတွင်း နေရာအတော်များများမှာ ကျင်းပလေ့ရှိတဲ့အနက် အင်နာဇာဝါမြို့ရှိ ကိုနိုမီယာ ရှင်တိုဘုန်းကြီး ကျောင်းမှာ ကျင်းပတဲ့ပွဲကလည်း လူသိများလှပါတယ်။ထူးခြားတာက ဒီနှစ်မှာတော့ ဘုန်းကြီးကျောင်းက အမျိုးသမီးတွေကိုပါ ဒီပွဲတော်ကိုတက်ခွင့်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ခြင်းပါ။

ကိုနိုမီယာ ဘုန်းကြီးကျောင်းရဲ့ ဒီဆုံးဖြတ်ချက်ကို ဒေသတွင်း နေထိုင်ကြတဲ့ အမျိုးသမီးတွေနဲ့ လိင်ခွဲခြားမှုဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ကြိုဆိုခဲ့ကြပါတယ်။ သူတို့ကတော့ တန်းတူညီမျှရှိရေးသူတို့ရဲ့ တောင်းဆိုလှုပ်ရှားမှုမှာ ရှေ့သို့တစ်လှမ်းတိုးအောင်မြင်မှုလို့ဆိုကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ ပွဲတော်ကို အမျိုးသားတွေလို ဝတ်လစ်စလစ်နဲ့တော့ ပါဝင်ခွင့်ရမယ်လို့ မထင်ရပါဘူး။

‘အမျိုးသားများကိုယ်လုံးတီးချွတ်ပွဲတော်’ ကို နှစ်စဉ် ဖေဖော်ဝါရီလအကုန် မတ်လဆန်းပိုင်းမှာ ကျင်းပလေ့ရှိကြပါတယ်။

Ref – SCMP

Leave a Reply

Your email address will not be published. Required fields are marked *