October 18, 2024

၂၃. ၁. ၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းအချိန်၌ ဆေးကြောင်သူလူငယ်တစ်ဦးက လင်မယားနှစ်ဦးကို ပုဆိန်ဖြင့် ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်က ပင်လုံမြို့၊ စေတီလေးဆူအနီးတွင် ထင်းခွေပြန်လာသော လင်မယားနှစ်ဦးကို အသက် ၂၀ ကျော်အရွယ် ဆေးကြောင်နေသူအမျိုးသားက ပုဆိန်ဖြင့် ခုတ်ရာ နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသမီးကြီးမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ပုဆိန်ဖြင့်ခုတ်သော အမျိုးသားကို လတ်တလောတွင် ဖမ်းမမိသေးသဖြင့် တာဝန်ရှိသူများက ရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။

“မူးယစ်ဆေးရောင်းသူတွေကော၊ ဆေးဝယ်သူပါ ပင်လုံမြို့မှ မရှိစေဖို့ တားမြစ်ဖို့ရယ်၊ အရေးယူဖို့ရယ် လိုနေပါပြီ”ဟု ပင်လုံမြို့နေသူတစ်ဦးက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်ကလည်း ပင်လုံမြို့ရှိ စျေးကြီးတွင် ဖွင့်လှစ်ထား​သော ခင်ဦးရွှေဆိုင်ကို သေနတ်​ပြကာ ရွှေသုံးကျပ်သား လုယူထွက်ပြေးမှုဖြစ်ပွားခဲ့သည်။ အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် ညပိုင်းကလည်ယ ပင်လုံ​မြို့ ပင်လုံစျေးအနီးရှိ ဦးတင်ထွန်းဖုန်းဆိုင် လူသတ် ဓားပြတိုက်မှု​ ဖြစ်ပွားခဲ့ရာ ဆိုင်ရှင်မိသားစု အပါအဝင် လေးဦးသေဆုံးခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။ ယင်းအပြင် ဒီဇင်ဘာ ၁၉ ရက်ကလည်း တောင်ကြီး-ပင်လုံ ပြေးဆွဲသော ယာဉ်ငယ်လိုင်းတစ်လိုင်း၏ ယာဉ်မောင်းဖြစ်သူကို သတ်ဖြတ်၍ မော်တော်ကားလုယူထွက်ပြေးမှုလည်း ဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *