October 18, 2024

တရားခံ ၃ ဦးကို ပြည်သူက ဝိုင်းဝန်းဖမ်းဆီးမိပြီး ကလေးငယ်ကို အသက်ရှင်လျက် ကယ်ဆယ်

၂၃. ၁. ၂၀၂၄
Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်က ဆောက်လုပ်ဆဲ ကျောက်စိမ်းဥယျာဥ်တိုက်တန်းမှာ မနေ့က ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်မှာ ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲပြီး ဖမ်းဆီးခေါ်ဆောင်လာတဲ့ PDF ကနေ အလင်းဝင်လာသူ ပြန်ပေးသမား ၃ ယောက်ကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးလိုက်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

PDF ကနေ အလင်းဝင်လာတဲ့ လင်မယားနဲ့ ခိုင်းတဲ့အမျိုးသမီး ၃ ဦးဟာ ပြည်ကြီးတံခွန်မြို့နယ် (ဂ) ရပ်ကွက်မှာ နေအိမ်တစ်လုံးကို ငှားရမ်းနေထိုင်ကြရင်း နှစ်လပြည့်ချိန် အိမ်ရှင်က ဆက်ပြီးမငှားတော့ကြောင်းပြောတာကြောင့် အိမ်ရှင်ရဲ့ ၄ နှစ်အရွယ် သားငယ်ကို ပြန်ပေးဆွဲပြီး သိန်း ၅၀၀ နဲ့လာမရွေးရင် ကလေးကိုသတ်ပစ်မယ်လို့ ခြိမ်းခြောက်စာပါ ပို့ခဲ့တာပါ။

ဒါကြောင့်မို့လို့ ကလေးငယ်ရဲ့မိဘတွေက ကလေးငယ်ကိုရွေးယူကယ်ဆယ်ဖို့ အလင်းဝင် PDF သုံးယောက်ချိန်းဆိုတဲ့ အမရပူရမြို့နယ်က ကျောက်စိမ်းဥယျာဥ်တိုက်တန်းကို ရောက်လာချိန်မှာ ဆောက်လုပ်ရေးဝန်ထမ်းလုံခြုံရေးအဖွဲ့နဲ့ အနီးပတ်ဝန်းကျင်ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပြီး မြစ်ငယ်ရဲစခန်းကို တရားခံတွေ အပ်နှံလိုက်သလို ပြန်ပေးဆွဲဖမ်းဆီးခံရတဲ့ ကလေးငယ်ရဲ့မိဘတွေကလည်း ဝိုင်းဝန်းဖမ်ဆီးပေးသူတွေကို ကျေးဇူးတင်ကြောင်းပြောပြီး ရဲစခန်းလိုက်ပါ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ PDF ကနေ အလင်းဝင်လာတဲ့ ပြန်ပေးဆွဲအမျိုးသမီးတစ်ဦးအမည်က ခိုင်မာဆွေ (ခ) နိုနိုလို့ သိရပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ တဇယ်ချောင်ရွာကလို့ သိရသလို ဖြစ်စဥ်အသေးစိတ်နဲ့ ကျန်တဲ့ တရားခံ ၂ ဦးရဲ့ အချက်အလက်တွေကို MT News က ဆက်လက်အတည်ပြုနေပြီး ထပ်မံသိရှိရတာတွေ ဖော်ပြပေးပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *