၂၃. ၁. ၂၀၂၄
Written by Nay Moe
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာမှာ နေထိုင်တဲ့ ဦးဉာဏ်ထွန်း(ခ) ဦးပေါဆိုတဲ့အမျိုးသားတစ်ဦး နေအိမ်ကိုကားနဲ့ပြန်လာချိန် ချောင်းမြောင်းပစ်ခတ်လိုက်တာကြောင့် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ-၄၊ UG က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဥ်က ဇန်နဝါရီ ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ၊ ဇွဲကလာကျေးရွာမှာနေထိုင်တဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဉာဏ်ထွန်း (ခ) ဦးပေါဟာ ဇုတ်သုတ်ကျေးရွာကနေ ဇွဲကလာကျေးရွာနေအိမ်ကို Honda Fit ကားအမျိုးအစားနဲ့ပြန်လာချိန် PDF တွေက ကားကိုဝိုင်းပစ်ခတ်တာကြောင့် ကားလည်း ကျည်ထိမှန်ရာဗရပွဖြစ်ပြီး လူလည်းသေဆုံးသွားတာလို့ PDF တွေ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PDF တွေဟာ ဦးဉာဏ်ထွန်း(ခ) ဦးပေါကို လက်နက်ကိုင်ဆောင်ထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊ ဘုရားငွေတွေ ကိုယ်ကျိုးသုံးနေတယ်လို့ စွပ်စွဲသတ်ဖြတ်ခဲ့တာဖြစ်ပေမဲ့ ဦးဉာဏ်ထွန်းကို စွပ်စွဲသတ်ဖြတ်တဲ့ ပျုစောထီးခေါင်းဆောင်ဆိုတာနဲ့ပတ်သက်တဲ့အချက်အလက်၊ ဘုရားငွေအလွဲသုံးစားလုပ်တယ်ဆိုတဲ့အချက်အလက်နဲ့ ဝိုင်းဝန်းပစ်ခတ်လုပ်ကြံတဲ့ PDF အဖွဲ့ကိုယ်တိုင် လက်နက်ကို ကောက်ယူဖို့ ကြိုးစားခဲ့ပေမဲ့လည်း အခြေအနေတစ်ခုကြောင့် ရယူနိုင်ခဲ့ခြင်း မရှိဘူးလို့ထုတ်ပြန်ထားတာကြောင့် ဦးဉာဏ်ထွန်း (ခ) ဦးပေါဟာ လက်နက်ကိုင်ထားတဲ့ပြည်သူ့စစ်ခေါင်းဆောင်ဆိုတဲ့သူတို့စွပ်စွဲချက်ကို သူတို့သက်သေမပြနိုင်သလို MT News အနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ-၄၊ UG PDF တွေရဲ့ စွပ်စွဲချက် မှန် အတည်မပြုနိုင်ပါဘူး။