MT News
၂၉.၁၁.၂၀၂၂
မနေ့ညက ကစားခဲ့တဲ့ပွဲတွေမှာတော့ တောင်ကိုရီးယားက ဂါနာကိုရှုံးခဲ့လို့ အုပ်စုတက်ရေးအိမ်မက်က မရေမရာဖြစ်သွားပါပြီ။ ဆားဘီယားကလည်း ကင်မရွန်းနဲ့ အံ့အားသင့်စရာ သရေကျခဲ့ပြန်တော့ နာမည်ကြီးတွေ အိမ်ပြန်ရဖို့ သေချာနေပြန်ပါတယ်။ ဘရာဇီးလ်၊ ပေါ်တူဂီတို့ကတော့ အနိုင်ရပြီး အုပ်စုတက်ဖို့ လုံးဝသေချာသွားပါပြီ။
ဒီနေ့ညမှာတော့ ပွဲကောင်းတွေကို ကြိုတင်ရင်ခုန်နိုင်ဖို့အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
…….
အီကွေဒေါ – ဆီနီဂေါ
နောက်တစ်ဆင့်တက်ဖို့အတွက် အီကွေဒေါက သရေရအောင်ကန်တာနဲ့တက်မှာဖြစ်ပေမယ့် ဆီနီဂေါကတော့ အနိုင်ကန်ရမယ့် ဖိအားဝင်နေပါတယ်။ လက်ရှိခြေစွမ်းအရ အီကွေဒေါက သာနေပါတယ်။ အဖက်ဖက်က ထိန်းကန်မှာမို့ လူတိုင်းဂိုးအောက်နေကြပါတယ် မထင်ပါနဲ့ ဒီလိုအုပ်စုတက်မယ့်နောက်ဆုံးပွဲ ဆီနီဂေါဖွင့်တိုက်မှာမို့ ဂိုးက ၂ သင်းပေါင်း ၂ ဂိုးအနိမ့်ဆုံးသွားမှာပါ။
ရွေးချယ်မှု – ဂိုးပေါ်
……..
နယ်သာလန် – ကာတာ
ကာတာခြေနဲ့ နယ်သာလန်ခြေက မိုးနဲ့မြေလိုကွာခြားပါတယ်။ အုပ်စုဗိုလ်ရဖို့ ကာတာကို ဂိုးပြတ်ဖုတ်မှာပါ။ ကာတာကတော့ အဖြည့်ခံမို့ နောက်ဆုံးပွဲ ဂိုးအလှူတော်ကြီးပေးမှာပါ။ ကြေးအောင်မယ့် နယ်သာလန်က နေထိုင်တာ အကောင်းဆုံးပါ။
ရွေးချယ်မှု – နယ်သာလန်
…….
အီရန် – အမေရိကန်
အီရန်က ဝေးလ်ကို ကံကောင်းလို့ နိုင်ပေမယ့် အမေရိကန်နဲ့တွေ့ရင် ၂ ခါကံမကောင်းပါဘူး။ နိုင်ငံရေးအရ မတည့်တဲ့ ၂ သင်းတွေ့ဆုံတာမို့ ရေကုန်ရေခမ်းကန်ကြမှာပါ။
အီရန်က သရေဆိုရင် တက်နိုင်ပေမယ့် အမေရိကန်က အနိုင်ကန်မှာပါ။ လူငယ်ကစားအားရှိတဲ့အမေရိကန်အနိုင်ပါ။
ရွေးချယ်မှု – အမေရိကန်
……
ဝေးလ် – အင်္ဂလန်
ဝေးလ်က အသက်ကြီးပိုင်းကစားသမားတွေ များနေပြီး ဘေးလ်ကလဲ မစွမ်းဆောင်နိုင်တော့ပါဘူး။ အစဥ်အလာအရရော ကစားသမားအရပါ အင်္ဂလန်က အဖက်ဖက်ကသာပါတယ်။ အုပ်စုဗိုလ်ရဖို့ ဆာကာတို့ ဖိုဒန်တို့ လူငယ်အားတွေကြောင့် ဝေးလ်လက်ပြနှုတ်ဆက်ရမှာပါ။
ရွေးချယ်မှု – အင်္ဂလန်
……