October 18, 2024

၂၀.၁.၂၀၂၄

Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တာလေခုံးတံတား အက်ကြောင်းဖြစ်ပေါ်ခဲ့သဖြင့် ယင်းတံတားပေါ်မှ ယာယီသံဘေလီတံတား တည် ဆောက်ခဲ့ရာ ယခုအအခါ ပြီးစီးပြီဖြစ်၍ ၂၃ တန်အောက်ယာဥ်များကို ယနေ့(ဇန်နဝါရီ ၂၀ရက်)မှစ၍ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။

တာ​လေကျောက်စီခုံးတံတားမှာ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ကျိုင်းတုံဘက်ခြမ်း၊ ကျောက်စီကုန်းကမ်းကပ်ခုံ အနီး အမှတ် (၁) အောက်ခြေတွင် အက်ကြောင်း ဖြစ်ပေါ်ခဲ့သဖြင့် ကုန်တင်ယာဥ်များ ဖြတ်သန်းသွားလာခွင့် ခေ​တ္တပိတ်ထားပြီး အိမ်စီးကား၊ဆိုင်ကယ်များနှင့် လူများကိုသာ ဖြတ်သန်းသွားလာခွင့် ပြုထားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ရှမ်းပြည်နယ် တံတားအထူးအဖွဲ့ (၁၂)က အရှည် ပေ ၉၀၊ အကျယ် ၁၂ ပေခွဲရှိ ယာယီသံဘေလီတံတားကို တည်ဆောက်ခဲ့ပြီးနောက် ယခုအခါ ၂၃ တန်အောက်ယာဥ်များကို ဖြတ်သန်းသွားလာခွင့်ပြုထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *