October 18, 2024

၂၂ .၁.၂၀၂၄
Written By Thandar

ဘုန်းကြီးတစ်ပါးနဲ့ ခွေးလိမ္မာလေး ကံကောင်းတို့ရဲ့ ၅၂၈ မေတ္တာကို ဖော်ကျူးပြသထားတဲ့ “ကံကောင်း” ရုပ်ရှင် ဇာတ်ကားကို လာမယ့် ဧပြီလမှာ ထိုင်းနိုင်ငံရှိ ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာဖြစ်တယ်လို့ ဒါရိုက်တာ ဝင်းလွင်ထက်က ပြောပါတယ်။

“ကံကောင်းရုပ်ရှင်ဇာတ်ကားကြီး ထိုင်းနိုင်ငံမှာ ပြသဖို့ လာပါတော့မယ်။ ကံကောင်း ရုပ်ရှင်ဇာတ်ကားကြီးကို ပြသမဲ့ ရုံစာရင်းတွေကို မကြာခင် ပရိသတ်တွေကို အသိပေးမှာပါဗျာ။ လက်ရှိ အချိန်မှာ အချိန်ဇယားအတိအကျ ပြောလို့မရသေးလို့ပါ။ ကိုယ့် မြန်မာပြည်ကနေ ထိုင်းနိုင်ငံရောက်နေကြတဲ့ မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေ အရောက်လာအားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီကားကို နိုင်ငံတကာ ရုပ်ရှင်ပလက်ဖောင်းတွေနဲ့ ရုပ်ရှင်ပြိုင်ပွဲတွေမှာပါ ဝင်ပြိုင်ဖို့ စိတ်ကူးထားတာပါ။ အခုလောလောဆယ်တော့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံသုံးနိုင်ငံမှာ ရုံတင်ပြသခွင့် ရထားပါတယ်”လို့ ဒါရိုက်တာ ဝင်းလွင်ထက်က ပြောပါတယ်။

မြန်မာ့ရုပ်ရှင်သမိုင်းမှာ ပထမဆုံးအနေနဲ့ ခွေးလိမ္မာလေးပါဝင်ထားတဲ့ ကံကောင်း ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ရုံတင်ပြသခဲ့ပြီးဖြစ်ပြီး ဖြစ်ပါတယ်။ ဇာတ်ညွှန်းကို မိုးနီလွင် ရေးသားပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပြီး သရုပ်ဆောင် ပိုင်တံခွန် ၊ အကယ်ဒမီ သူထူးစံ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ နေထွဋ်တို့နဲ့ ခွေးလိမ္မာလေး ကံကောင်းတို့ ပါဝင်ထားကြတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားကိုလာမယ့် ဧပြီလမှာ ထိုင်းနိုင်ငံမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

လူသားနဲ့ တိရစ္ဆာန်ကြားက အေးချမ်းတဲ့ ၅၂၈ မေတ္တာတရားကို ဖော်ကျူးထားပြီး မြန်မာ့ယဉ်ကျေးမူနဲ့ သဘာဝရူခင်း အလှတရားတွေကို ပိတ်ကားပြင်ထက်မှာ ကြည့်ရှုရမှာလည်း ဖြစ်သလို ကံကောင်း ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာ ပြသစဉ်အချိန်ကလည်း ပရိသတ်စိတ်ဝင်စားမှုများစွာ ရရှိခဲ့ပြီး စတုတ္ထပတ်အထိ ရုံတင်ပြသခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *