October 18, 2024

၂၀.၁.၂၀၂၄

Written by KL

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ရွှေလှိုင်းကျေးရွာတွင် ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ ၁၅ ရက် သား ကလေးတစ်ဦး မီးလောင်သေဆုံးခဲ့​ကြောင်း ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီခန့်က ၁၅ ပေ ပတ်လည် သွပ်မိုး၊ ထရံကာနေအိမ်တွင် ထမင်းဟင်းချက်ပြီး မီးဖိုမီးကို မငြှိမ်းသတ်ဘဲ အပြင်သို့ ထွက်သွားရာမှ မီးဖိုမီးမှတစ်ဆင့် အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏အတည်ပြုချက်အရ သိရသည်။

အဆိုပါ မီးလောင်မှုမှာ ၁၀ မိနစ်ခန့်သာလောင်ကျွမ်းခဲ့ပြီး နေအိမ်တစ်လုံးနှင့်အတူ ၁၅ ရက်သား မိန်းကလေးတစ်ဦးလည်း မီးလောင်သေဆုံးခဲ့သည်။

“မီးဖိုမီးကို မသတ်ဘဲ အပြင်ကိုထွက်သွားရာကနေ မီးဖိုမီးကနေ စလောင်တာ။ လောင်တဲ့အချိန် အိမ်မှာ ဘယ်သူမှမရှိဘူး။ အိမ်ထဲမှာကျန်ခဲ့တဲ့ ရက်သားကလေး မီးထဲပါသွားတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *