October 18, 2024

၂၁. ၁. ၂၀၂၄

Written by Hey Mar

ကျောက်တင်လာတဲ့ Faw ကားနဲ့ ဆိုင်ကယ် မျက်နှာချင်း ဆိုင် တိုက်မိရာက ဆိုင်ကယ်သမား Faw ကား ကြိတ်မိသေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၂၁ ရက် မနက် ၁၁ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းကနေ သိရပါတယ်

ဖြစ်စဥ်က အုတ်တွင်းမြို့လမ်းဆုံမီးပွိုင့် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် ဖြစ်ပွားခဲ့ပြီး မြောက်ဘက်ကနေ တောင်ဘက်ကို မောင်းနှင်လာတဲ့ ကျောက်တင် Faw ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်သမား ကျောက်တင်ကား နောက်ဘီးနဲ့ ကြိတ်မိခဲ့တာလို့ သိရပါတယ်။

မြေပြင်သွားရောက်ကူညီခဲ့တဲ့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ပြားသွားပြီး ပွဲချင်းပြီးဆုံးတာ။ အတော်ခက်ခက်ခဲခဲ ဆွဲထုတ်ရတယ်။ သေသူက ပုံအတော်ပျက်သွားတာမို့ နေရပ်ရော၊ ဘယ်သူ ဘယ်ဝါ ဆိုတာပါ မသိရသေးပါဘူး။ ကျောက်တင်ကားက ယာဥ်မောင်းထွက်ပြေးသွားပါတယ်”လို့ ဖြစ်စဥ်မှာ ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သေချာ ထုပ်ပိုးသယ်ဆောင်ပြီး ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းယာဥ်နဲ့ အုတ်တွင်းပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *