၂၁. ၁. ၂၀၂၄
Translated by Htwe Ko Tun ၊ Pan Ei
အိန္ဒိယနိုင်ငံကနေ ဥဇဘက်ကစ္စတန်ကိုဖြတ်သန်းပြီး ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ပျံသန်းလာတဲ့ စင်းလုံးငှားလေယာဉ်တစ်စင်းဟာ ဇန်နဝါရီ ၂၀ ရက် ညက အာဖဂန်နစ္စတန်နိုင်ငံ ဘာဒက်ရှန်ပြည်နယ်မှာ ပျက်ကျခဲ့တယ်လို့ ရုရှားလေကြောင်းအာဏာပိုင်တွေက ဒီနေ့ (ဇန်နဝါရီ ၂၁ ရက်)မှာ ပြောကြားခဲ့ပြီး လေယာဉ်ပေါ်မှာ အနည်းဆုံး လူ ၆ ဦး ပါရှိတယ်လို့ ယူဆထားကြပါတယ်။
ပျက်ကျတဲ့ လေယာဉ်ဟာ ပြင်သစ်နိုင်ငံက ၁၉၇၈ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Dassault Falcon 10 ဂျက်လေယာဉ်ဖြစ်ပြီး အိန္ဒိယနိုင်ငံကနေ မော်စကို,ကို စင်းလုံးငှား လူနာတင်ယာဉ်အဖြစ် ပျံသန်းခဲ့တဲ့ လေယာဉ်ဖြစ်တယ်လို့ ရုရှားလေကြောင်း အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘာဒက်ရှန်ပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ Zabihullah Amiri က ရှာဖွေကယ်ဆင်ရေး အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပျက်ကျရာနေရာဆီ စေလွှတ်ထားကြောင်းနဲ့ အဲ့ဒီနေရာဟာ ပြည်နယ်မြို့တော် ဖေဇာဘတ်ကနေ ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) ကျော် ဝေးလံတဲ့ဒေသဖြစ်ပြီး ကယ်ဆယ်တဲ့ အဖွဲ့ဟာ အဲ့ဒီနေရာကို ရောက်ရှိဖို့ ၁၂ နာရီလောက်ကြာမြင့်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ပျက်ကျမှုဟာ အာဖဂန်နစ္စတန်နိုင်ငံ မြောက်ဘက်စွန်းရှိ ဘာဒက်ရှန်ပြည်နယ်ရဲ့ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသတစ်ခုမှာ ညတွင်းချင်း ပျက်ကျခဲ့တာဖြစ်တယ်လို့ အာဖဂန်ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က အတည်မပြုနိုင်သေးပါဘူး။
Ref; Reuters; Indian Express