October 18, 2024

၂၂. ၁. ၂၀၂၄

Written by Hey Mar

ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တို့ သုံးစီးဆင့်တိုက်ရာက အမျိုးသမီးတစ်ဦးသေဆုံးပြီး လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ် မွန်ပြည်နယ် မော်လမြိုင်-ကျိုက္ခမီလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၂၁ ရက် ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က မော်လမြိုင်-ကျိုက္ခမီလမ်းမကြီး၊ ဂွေးကုန်းရပ် မဆရ ၅ အနီးမှာ ဖြစ်ပွားခဲ့ပြီး မော်လမြိုင်ဘက်ကနေ မောင်းနှင်လာတဲ့ Probox ယာဉ်တစ်စီးက လားရာတူမောင်းနှင်လာတဲ့ ဘုရားပွဲသွားမယ့် သုံးဘီးဆိုင်ကယ်တစ်စီးနဲ့ ဆိုင်ကယ်တစ်စီးကို တိုက်မိခဲ့တာလို့ သိရပါတယ်။

အဆိုပါ ယာဥ်သုံးစီးဆင့်တိုက်မှုကြောင့် ကလေး(၆)ဦး၊လူကြီး ၆ ဦး၊ စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး မြေပြင်အကူအညီအနေနဲ့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မော်လမြိုင် Rescue လူမူကယ်ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲ့ ၊ မုဒုံကန်ကြီးလူငယ်လူမူကယ်ဆယ်ရေးအဖွဲ့၊ မိုးစေတနာလူမူကယ်ဆယ်ရေးအဖွဲ့ တို့က လူနာတွေကို ပြုစုကုသပေးပြီး ၊ လူနာတင်ယာဉ် ၅ စီးနဲ့ မော်လမြိုင်ဆေးရုံကြီးထံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေကို မော်လမြိုင်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ရာမှာ ဆေးရုံအရောက် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် တစ်နေ့တည်း မော်လမြိုင်မြို့မှာ ယာဥ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်ကလည်း တောင်ဝိုင်းဓာတ်အားခွဲရုံအနီးမှာ Hijet ယာဥ်တစ်စီးက သစ်ပင်ကို ဝင်တိုက်မိပြီး ကလေး ၆ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *