October 18, 2024

၂၂. ၁. ၂၀၂၄
Written By Thandar

သရုပ်ဆောင်ပိုင်းမှာရော ဂီတပိုင်းမှာပါ ပရိသတ်အားပေးမှု များစွာရရှိထားတဲ့ အလင်းရောင်ကတော့ မြန်မာ့ရိုးရာ မြန်မာ့ယဉ်ကျေးမှုကိုလည်း မပျောက်ပျက်အောင် နှစ်စဥ်နှစ်တိုင်း နှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာသံစဥ်သီချင်းတစ်ပုဒ်ထွက်သွားမယ်လို့ ဖွင့်ဟလာပါတယ်။

“သူငယ်ချင်း ဖြိုးဇော်လင်းကြောင့် မြန်မာ့ရှုခင်း မြန်မာသံသီချင်းတွေ သီဆိုဖြစ်တာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့က တစ်ပုဒ်ထုတ်တယ်။ မြန်မာ့ရိုးရာ မြန်မာ့ယဉ်ကျေးမှုကိုလည်း မပျောက်ပျက်အောင် ဖျက်ဆီးသလိုမဖြစ်အောင် အကောင်းဆုံးဖန်တီးမယ်။ နှစ်တိုင်းမှာ တစ်ပုဒ်တစ်ပုဒ်ပေါ့နော်။ အဲဒီလို ရည်ရွယ်ချက်လေး ခေါင်းထဲဝင်သွားတယ်။ နှလုံးသားထဲလည်း ဝင်တယ်ပေါ့နော်။ ဆိုတော့ နှစ်တိုင်း တစ်ရက်နေ့ တစ်ရက်နေ့တိုင်းမှာ မြန်မာသံလေးထုတ်သွားဖို့ရှိပါတယ်။ ပုံမှန်အနေနဲ့ မြန်မာသံ သီချင်းတွေ ကျွမ်းကျင်တဲ့သူထဲမှာတော့ မပါဘူး။ မြန်မာသံသီချင်းတစ်ခုကို မဖျက်စီးပစ်ချင်ဘူး။ ကိုယ် ပိုင်နိုင်ကျွမ်းကျင်ပြီးတော့မှဆိုမယ်လို့ စဉ်းစားထားပါတယ်။ ဒီသီချင်းလေး တင်လိုက်တော့ ပရိသတ်ဆီက Feedback ကလည်း အရမ်း သဘောကျကြတယ်။ ဒီခေတ် ဒီကာလမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မပျောက်ပျက်အောင် ထိန်းသိမ်းပေးတာ ကျေးဇူးတင်ကြတယ်။ ကျွန်တော့်အတွက် အားဖြစ်တာပေါ့။ နောက်ထပ်လည်း မပျက်စီးသွားအောင် ဆက်ပြီး မြန်မာသံတွေလုပ်သွားဖို့ရှိတယ်” လို့ သရုပ်ဆောင်အလင်းရောင်က ပြောပါတယ်။

လက်ရှိအချိန်မှာ လူမှုကွန်ရက်စာမျက်နှာတချို့မှာ အလင်းရောင်နဲ့ မင်းသွေးခန့်တို့ အမျိုးသားအချင်းချင်း ကြိုက်နေကြတယ်လို့ ဘယ်သူတင်လိုက်မှန်းမသိဘဲ ပရိသတ်တချို့က စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ အလင်းရောင်ဟာ ကိုယ်ပိုင်သံစဥ်သီချင်းသစ်တစ်ပုဒ်လည်း ထွက်ရှိထားပြီးတော့ ရင်ထဲကြွေတဲ့ကြယ်၊ အမှတ်တမဲ့မှ အမှတ်တရဆီသို့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

“ကျွန်တော်ဆိုရင် တစ်နှစ်ကို တစ်ကြိမ် အနှောက်တွေ လာတယ်။ ဘယ်သူက စလိုက်လဲ မသိပါဘူးဗျာ။ တွေ့တော့တောင် စနေကြတာ။ မင်းသွေးခန့်နဲ့လေ Confirm ဆိုပြီးတော့လေ။ နှစ်တိုင်း ကျွန်တော်က ဘယ်အတွဲတွေ တက်လာတက်လာ အလင်းရောင်ဆိုတာ တခြား ယောက်ျားလေးတစ်ယောက်နဲ့ () ခတ်ပြီး ပါပါနေတာ။ အမြဲတမ်း တွဲပေးထားကြတာ။ ကိုယ့်အချစ်ရေးက နာမည်ကြီး ထမင်းငတ်နေတာပါ။ ကျွန်တော့် Fan တွေလည်း သိတယ်။ နာမည်ကြီး ထမင်းငတ်ဖြစ်နေတာ။ ကျွန်တော်က Single Confirm ပါ”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *