October 18, 2024

၂၂. ၁. ၂၀၂၄
Written by Pan Ei

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ ဒီနေ့ (ဇန်နဝါရီ ၂၂ ရက်) နံနက် အစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၇ ဦး နစ်မြုပ်သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

အဆိုပါ မြေပြိုမှုဟာ တရုတ်ဒေသစံတော်ချိန် ဇန်နဝါရီ ၂၂ ရက် နံနက် ၅ နာရီ ၅၁ မိနစ်က ဇန်ရှီယန်ကောင်တီမှာ ဖြစ်ပွားခဲ့ကြောင်း ပြည်နယ် အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

မြေပြိုမှုမှာ နေအိမ် ၁၈ လုံးခန့် ပြိုကျနစ်မြုပ်ခဲ့ရကြောင်း ပြည်နယ်ရုပ်သံ CCTV က ပြောကြားခဲ့သလို လူ ၂၀၀ ကျော်ကို အဆိုပါဒေသကနေ အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း သိရပါတယ်။ အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်သား ၂၀၀ ကျော်အပြင် မီးသတ်ကား ၃၃ စီး၊ တခြားပစ္စည်းတွေနဲ့အတူ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြောင်း CCTV က ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဟိမဝန္တာကုန်းပြင်မြင့်နဲ့ မတ်စောက်တဲ့ တောင်တန်းတွေကြားက ယူနန်ပြည်နယ်မှာ မြေပြိုမှုတွေက အဖြစ်များပြီး နိုင်ငံအတွင်း မကြာသေးမီလတွေအတွင်း သဘာဝဘေးအန္တရာယ်တွေ ဆက်တိုက်ကြုံတွေ့ခဲ့ရကာ တချို့မှာ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေအပြီးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လက နိုင်ငံမြောက်ပိုင်း ရှီအန်းမြို့အနီးမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ပြီး ဇွန်လက အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *