၂၂. ၁. ၂၀၂၄
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်းက ဝမ်ပုံ ဗုဒ္ဓဂါယာရှေ့လမ်းမပေါ်တွင် ဇန်နဝါရီ ၂၁ ရက် ည ၁၁ နာရီခန့်က ကိုယ်ပိုင်မော်တော်ယာဥ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ရာမှ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် မော်တော်ယာဥ်မှာ ကြေမွပျက်စီးခဲ့ပြီး ဝမ်ပုံကျေးရွာတွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် ကိုခန့်သာမှာ ဦးခေါင်းကွဲရှ ဒဏ်ရာ၊ မျက်နှာထိခိုက်ဒဏ်ရာနှင့် ခြေထောက်ကျိုးဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဓာတ်ပုံ – ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်း