October 18, 2024

၂၁. ၁. ၂၀၂၄
Written by Nay Moe

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ သုဝဏ္ဏဝတီမြို့သစ်၊ သိမ်ဆိပ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ပုတိမ်ရိုးကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးမှာ ကားလက်မှတ်ရောင်းတဲ့ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံးတဲ့အပေါ် တပင်ရွှေထီးစစ်ကြောင်းက သူတို့သတ်ဖြတ်တာမဟုတ်ဘူးလို့ ရှင်းလင်းချက်ထုတ်ပြန်လာပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီကျော်မှာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၅/၃ နဲ့ ၁၃၅/၄ အကြားက နေအိမ်နဲ့ကားလက်မှတ်တွဲရောင်းတဲ့ဆိုင်ကို ရောက်လာတဲ့ KNU နဲ့ PDF တွေကကားလက်မှတ်ဝယ်မယ်ပြောပြီး ကိုမျိုးမင်းကို သေနတ်နဲ့ ပစ်ခတ်သွားတာကြောင့် ကိုမျိုးမင်းဟာ ကျည်ထိမှန်ဒဏ်ရာရရှိ သေဆုံးသွားတာဖြစ်ပြီး ဒီလိုမျိုး KNU နဲ့ PDF တွေက သတ်ဖြတ်မှုဟာ သူတို့နဲ့မဆိုင်ဘူးလို့ KNLA နဲ့ PDF ပူးပေါင်းထားတဲ့ တပင်ရွှေထီးစစ်ကြောင်းက သူတို့သတ်ဖြတ်တာမဟုတ်ဘူးလို့ ရှင်းလင်းချက်ထုတ်ပြန်လာတာပါ။

KNLA နဲ့ PDF ပူးပေါင်းထားတဲ့ တပင်ရွှေထီးစစ်ကြောင်း ထုတ်ပြန်ချက်မှာ အပြစ်မဲ့ပြည်သူကို လူမဆန်စွာ သတ်ဖြတ်တာသူတို့မဟုတ်ကြောင်းကို အကျယ်တဝင့်ပြောထားတာ တွေ့ရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီ ၄၅ မိနစ်မှာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပုတိမ်ရိုးကျေးရွာနေ ဦးမျိုးမင်း (၄၄)နှစ်ဟာ ဇနီးဖြစ်သူ ဒေါ်မိလေး (၄၄)နှစ်နဲ့အတူ နေအိမ်မှာရှိနေချိန် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ် ထွက်ပြေးသွားခဲ့တာကြောင့် ဦးမျိုးမင်းဟာ ဝဲနားထင်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်တို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာရှစ်ချက်ရရှိကာ အခင်းဖြစ်နေရာတင် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *