October 18, 2024

၂၀. ၁. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းမြို့နယ် မင်းကွန်းရွာကို PDF ၂၀ ခန့်ဝင်ရောက်လာပြီး လူ ၄ ဦးကို သတ်ဖြတ်သည့်အပြင် ကွမ်းယာဆိုင်ကို ဖျက်ဆီး၍ ကျပ် ၃ သိန်းပါ လုယက်ခဲ့မှု ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၌ PDF များ၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မင်းကွန်းကျေးရွာ နေသူများဖြစ်သည့် ဦးဝင်းနိုင် (၅၄)နှစ်တွင် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်ဖြင့်လည်းကောင်း၊ ဦးဇော်မင်း (၅၅)နှစ်တွင် ဦးခေါင်းနှင့်နောက်ကျော ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်ဖြင့်လည်းကောင်း သေဆုံးနေပြီး ဦးဝင်းနိုင်၏ဇနီး ဒေါ်အိအိဇင် (၄၃)နှစ်နှင့် ၎င်း၏သမီး မနှင်းနုဝေ (၁၆)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီခန့်တွင် မင်းကွန်းကျေးရွာအတွင်းသို့ PDF အင်အား ၂၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးဝင်းနိုင်နှင့် ဦးဇော်မင်းတို့၏ နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒေသတွင်းသတင်းများအရ ဦးဇော်မင်းမှာ ရာအိမ်မှူးအဖြစ်လုပ်ကိုင်ခဲ့ခြင်းနှင့် ဦးဝင်းနိုင်နှင့် ဒေါ်အိအိဇင်တို့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ထမ်းများဖြစ်နေ၍ PDF များက ဝင်ရောက်သတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါ PDF များမှာ ၎င်းကျေးရွာရှိ ကိုယဉ်မင်းထက်(ခ) ကိုထက် ပိုင်ဆိုင်သည့် “ကောင်းကောင်း”ကွမ်းယာဆိုင်အတွင်း ထပ်မံ၍ ဖျက်ဆီးဝင်ရောက်ကာ ၎င်းဆိုင်အတွင်းမှ ၂၄ လက်မ TV တစ်လုံးအား ရိုက်ခွဲဖျက်ဆီး၍ CCTV Hard Disk တစ်လုံး၊ ငွေကျပ် ၃ သိန်းခန့်တို့အား ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူနှစ်ဦးအား ဆေးကုသ မှုခံယူနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *