October 18, 2024

၁၉. ၁. ၂၀၂၄

Written by Nay Aung

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုဝင်ဘာ ၁၃ ရက် နောက်ပိုင်းတည်းက လူပေါင်း ၁၂၀၀၀၀ ကျော် နေရပ်စွန့်ခွာထွက် ပြေးခဲ့ပြီး အဆိုပါ အရေအတွက်က ကျဆင်းဖွယ်မရှိကြောင်း Global Camp Coordination and Camp Management အဖွဲ့က ပြောသည်။

လက်နက်ကိုင်တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး ပြုစုကုသမှုများ လုပ် ဆောင်ရာတွင် အခက်အခဲများရှိနေကြောင်း၊ လက်နက် ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် ဆေးရုံများ ထိမှန်မှုရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ ထွက်ပြေးရမှုများရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး အဆောက်အဦအချို့ လုပ်ငန်းများ လုပ်ကိုင်ခဲ့သော်လည်း အကန့်အ သတ်ဖြင့်သာ လုပ်ကိုင်နေရပြီး ကျန်းမာရေးပစ္စည်းများ အလုံအလောက်မရကြောင်း သိရသည်။ တိုက်ပွဲများကြောင့် လမ်းများ ပိတ်ဆို့ခြင်းများရှိနေပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ပေးပို့ကူညီနိုင်ရန် အခက် အခဲများရှိနေကြောင်း၊ ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆေး ခန်း ၂၅ ခုက လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း အဆိုပါအဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခ၌ ပါဝင်နေသောအဖွဲ့အစည်းများအနေဖြင့် ရခိုင် ပြည်နယ်ရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုများကို ဘေးကင်းစွာဖြင့် ပြုလုပ်ခွင့်ရရန် ခွင့်ပြုပေးစေလိုကြောင်း၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးသည့် ဝန်ထမ်းများအားလုံး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ကျန်းမာရေးအဆောက်အဦများ ဘေးကင်းစေရန် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံ့နေရာအများအပြားတွင် နေရပ်စွန့်ခွာနေရသူအနည်းဆုံး ၂ သန်းကျော်ရှိလာခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့က ပြောသည်။

Ref relief

Leave a Reply

Your email address will not be published. Required fields are marked *