October 18, 2024

MT News

၁၉. ၁. ၂၀၂၄

◾အမျိုးသမီးတစ်ဦးကို PDF နှစ်ဦးက -သန-တ်ဖြင့် နောက်မှပစ်၍ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဥက္ကံကျေးရွာအနီး၌ -သန-တ်ဖြင့် ပ-စ်ခ-တ်ခံရ၍ အမျိုးသမီးတစ်ဦး -သ-ဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာနေ ဒေါ်နွယ်မာလင်း(၃၈)နှစ်သည် ရေနံ့သာကျေးရွာမှ ၎င်း၏နေအိမ်သို့ မန္တလေး-မိုးကုတ်ကားလမ်း အတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် ဥက္ကံကျေးရွာအနီး ကားလမ်းမိုင်တိုင်အမှတ် ၃၂ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံကြားအရောက် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် PDF နှစ်ဦး(စိစစ်ဆဲ)က -သ-န-တ်ဖြင့် ပစ်-ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်နွယ်မာလင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ -သ-ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

◾ ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား၍ ဒေသခံဆယ်နှင့်ချီ ဖမ်းဆီးခံရသတင်း မှားယွင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် ဇန်နဝါရီ ၁၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ဆယ်နှင့်​ချီကို ဖမ်းဆီးခဲ့ကြောင်းနှင့် မောင်မယ်ရှောင်ကျေးရွာမှ ဆိုင်ကယ် ၇ စီး ထက် မနည်း ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် မောင်မယ်ရှောင်ကျေးရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ဒေသခံပြည်သူများအား ဖမ်းဆီးခဲ့ခြင်းမရှိကြောင်းနှင့် ပြည်သူ များ၏ ပစ္စည်းဥစ္စာများကို ယူဆောင်ခြင်းမရှိကြောင်း သိရှိရသည်။

◾ဒီပဲယင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပ-စ်သ-တ်ထားခဲ့သည့် ပြည်သူ ၄ ဦး အလောင်းတွေ့ရှိရကြောင်း သတင်းမှား ဖြန့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ပ-စ်-သ-တ်ထားခဲ့သည့် ပြည်သူ ၄ ဦး အလောင်းကို ယနေ့နံနက်ပိုင်း က တွေ့ရှိရကြောင်း DVB က ဖြန့်ဝေနေသည့် သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဒီပဲယင်းမြို့နယ်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိပြီး ၎င်းကျေးရွာကို သွားရောက်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

◾ ပဲခူးရိုးမအတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်ကို ၁၄၄ ထုတ်ကာ တပ်မတော်က ရွာထဲမှမောင်းထုတ်ပြီး မထွက်ခွာသူများကို ပ-စ်-သ-တ်မည်ဟု ခြိမ်းခြောက်ခဲ့မှု မရှိ

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ‌ဆင်တဲကုန်း၊ ဝါးဖြူချောင်း၊ သိုက်ဝါးချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်းစောက်၊ ကိုင်းချိုကြီး၊ မြေပြာ၊ ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါးကုန်း၊ ရွာရှောင်၊ ကျွဲဖြူမနှင့် ရွှေကြာအင်း ကျေးရွာများကို ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ အဆိုပါကျေးရွာများမှ ပြည်သူများကို ရွာထဲမှမောင်းထုတ်နေပြီး ထွက်ခွာခြင်းမရှိသူများကို ပ-စ်-သ-တ်မည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက်တွင် ခြိမ်းခြောက်ပြောဆိုနေကြောင်း Khit Thit Media ၏ မမှန်သတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ အဆိုပါကျေးရွာများကို ယခုနှစ် ဇန်နဝါရီလအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့် ပြည်သူများအား ရွာများမှထွက်ခွာခိုင်းခြင်းများ မရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *